သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြောင်း အသိပညာပေးရန် ဆုံးဖြတ်

သက်ငယ်မုဒိမ်းကျူးလွန်သူထောင်ဒဏ်နှစ်၂၀ အပြစ်ပေးနိုင်ကြောင်း အသိပညာပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

15178271_1455343407828001_3997637770197558892_n

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်းက နေပြည်တော်ဝန်ကြီးရုံးစုပေါင်းခန်းမမှာ ကျင်းပတဲ့သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးမှာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြအေးက အခုလိုပြော ကြားလိုက်တာပါ။

သက်ငယ်မုဒိမ်းမှုတွဟာ ကျေးလက်ဒေသတွေနဲ့ မြို့စွန်နေရာတွေမှာ အများဆုံးဖြစ်ပွားနေတာဖြစ်ပါတယ်။ အဲဒီသက်ငယ်မုဒိမ်းမှုတွေ ပပျောက်စေဖို့ အတွက်ရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်အကောင် အထည်ဖော်မှာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ လူစည်ကားရာ ဈေး၊ကာဂိတ်၊ရေဆိပ် စတဲ့နေရာတွေမှာ အသိပညာပေးဆိုင်း ဘုတ်တွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေဆောင်ရွက်သွားမှာဖြစ်ပါတယ်။