မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မဲ့ ပျောက်ဆုံးနေ

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရဲကင်းစခန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂ ဦး လက်နက်မဲ့ ပျောက်ဆုံးနေတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ
ပြုလုပ်နေပါတယ်။

15239305_1017090315084649_1685186205_n

ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင်၂ ဦးဟာ နမ့်ဖတ်ကာ ရဲကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်ဌေးနဲ့ ရဲတပ်ကြပ် လင်းထက်တို့ ဖြစ်ပြီး ကွတ်ခိုင်မြို့မ ရဲစခန်းမှာရှိတဲ့ တရားခံ ၂ ဦးကို မြို့နယ်တရားရုံးက တရားစွဲဆိုနိုင်ဖို့ သွားရောက် ပို့ဆောင်ခဲ့ပြီးပျောက်ဆုံးသွားတာပါ။

ပျောက်ဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်တွေ့ရှိရေး၊ အဖြစ်မှန် ပေါ်ပေါက်နိုင်ရေးတွေကို စုံစမ်းစစ်ဆေးလျက်ရှိပြီး တပ်မတော်စစ်ကြောင်းတွေက အဲဒီနေရာတစ်ဝိုက်ကို နယ်မြေရှင်းလင်းတာတွေ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။