စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်ပါတယ်။

15181541_924958914304992_7761021331502347967_n

နိုဝင်ဘာလ၂၈ ရက်နေ့က နေပြည်တော် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမမှာပြုလုပ်တဲ့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေး ဗဟိုညှိနိုင်းအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် ပြည်ထောင်စု ဖွံဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီအနေနဲ့ ဆောင်ရွက်ပပေးရမယ့် လိုအပ်ချက်တွေကို ပြည်နယ်နဲ့တိုင်းဒေသတွေက တင်ပြဖို့လိုအပ်တယ်လို့ နိုင်ငံတော်အ တိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

အဲဒီအကြံပြုချက်တွေကိုအခြေခံပြီး NRPC နဲ့ဗဟိုကော်မတီင်္တို့က ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတာကို ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆ န်းစုကြည်က ပြောပါတယ်။