ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း အန်အယ်လ်ဒီ ကြေညာ

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

epaselect-myanmar-elections

အဲဒီကြေညာချက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၈ ဦးရဲ့ အမည်တွေကို ဖော်ပြထားပါတယ်။

ဒီလိုပါဝင်ယှဉ်ပြိုင်မယ့်သူတွေရဲ့ အမည်စာရင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးချယ်ခံခဲ့တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဦးကျော်ဆွေဝင်းက ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner