တရုတ်နိုင်ငံနဲ့ နီးကပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး ကန့်သတ်မှု ရှိနေတယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြော

0
217

တပ်မတော်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို နယ်မြေရှင်းလင်း တရုတ်နိုင်ငံနဲ့ နီးလွန်းတဲ့အပြင် ပြည်သူတွေ သွားလာနေတဲ့နေရာတွေဖြစ်တဲ့အတွက် အကန့်အသတ် ရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

min-aung-hlaing-epa

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ စတာဗရို လန်ဘရီနီဒီ တို့နဲ့ နေပြည်တော် မှာ တွေဆုံဆွေးနွေးစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။

အဲဒီလိုတွေ့ဆုံရာမှာ ရှမ်းပြည်နယ်အရှေ့မြောက် ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှုအခြေအနေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုပြုလုပ်နေကြစဉ်မှာဖြစ်ပေါ်လာတဲ့ ထိခိုက်နိုင်မှုအခြေအနေ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ရာမှာ တွေ့ကြုံရတဲ့ အခြေအနေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ အရေးယူ ဆောင်ရွက်မှု အခြေအနေ၊ မိုင်းရှင်းလင်းရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

?bph6