အိန္ဒိယ-မြန်မာ နယ်စပ်မှာ ငလျင်ငယ် နှစ်ကြိမ် လှုပ်ခတ်

အိန္ဒိယ-မြန်မာ နယ်စပ်က မဏိပူရပြည်နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ အင်အားပျော့တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

earthquake

ငလျင်ဟာ ဒီကနေ့ နံနက် ၇ နာရီ ၃၆ မိနစ်မှာ လှုပ်ခဲ့တာဖြစ်ပြီး ပြင်းအား ၃.၄ ရစ်ခ်ျတာစကေးရှိပါတယ်။ အိန္ဒိယ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကတော့ ဒီကနေ့ နံနက် အစောပိုင်း ၁ နာရီ ၂၇ မိနစ်မှာလည်း ပြင်းအား ၃.၅ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၆.၈ ရစ်ခ်ျတာစကေးရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပုဂံက စေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီငလျင်ရဲ့ဗဟိုချက်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်နဲ့ ကီလိုမီတာ ၅၀၀ လောက်ဝေးပေမဲ့ ငလျင်လှုပ်ခတ်မှုကို ကလကတ္တားမြို့ကလူတွေတောင် ခံစားမိခဲ့ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner