ကောလင်းမှာ တရားမဝင်သစ် တန်ချိန်(၁၀၀)ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် လာကာကြိုးဝိုင်းအတွင်းမှာ တရားမဝင်သစ်တန်ချိန်(၁၀၀)ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

kawlin

လာကာကြိုးဝိုင်းအတွင်းကို တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးအေးသိန်း၊ ကသာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ရွှင်(ခတ္တ)ခရိုင်ရဲတပ်ဖွဲ့မှူး) ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ ကသာခရိုင် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်တို့ပူးပေါင်ပြီး နိုဝင်ဘာ(၁၇)ရက်နဲ့ နိုဝင်ဘာ(၁၈)ရက်နှစ်ရက် ဆက်တိုက်ဖမ်းဆီးရာကနေ အခုလို တရားမဝင်သစ် တန်ချိန်(၁၀၀)ကျော်နဲ့ သစ်ခွဲစက်များ ဖမ်းဆီးရမိခဲ့တာပါ။

kawlin2

နိုဝင်ဘာ(၁၇)ရက်က လာကာကြိုးဝိုင်းအတွင်းမှာ သစ်တန်ချိန်ပေါင်း ၄၂ တန်ကျော်နဲ့အတူ ဆင်တစ်ကောင်၊ လူနှစ်ယောက်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီးနောက် နိုဝင်ဘာ(၁၈)ရက်မှာတော့ တရားမဝင်သစ် တန်ချိန် ၅၇ တန်ကျော်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကောလင်းမြို့မ ရဲစခန်းကတော့ ဖမ်းဆီးရမိခဲ့တဲ့ လူတစ်ယောက်ကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner