ဇီကာရှိတဲ့နိုင်ငံတွေကို ခရီးသွားခဲ့ရင် ခြောက်လလောက်စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ယူဖို့ သတိပေး (ရုပ်/သံ)

ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ နိုင်ငံတွေကိုခရီးသွားခဲ့တဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ အနည်းဆုံး ၄ လကနေ ၆ လလောက်အထိ စောင့်ကြည့်ပြီးမှ ကိုယ်ဝန်ယူသင့်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို နေပြည်တော်သတင်းထောက် ခိုင်သဇင်ဦးက ပေးပို့ထားပါတယ်။