ဇီကာပိုးရှိတဲ့နိုင်ငံကို ခရီးသွားလာကြသူတွေ ခြောက်လအတွင်း ကိုယ်ဝန်မယူဖို့ သတိပေး

ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ နိုင်ငံတွေကို ခရီးသွားလာနေကြသူတွေအနေနဲ့ အိမ်ထောင်ရှိပြီးသားဖြစ်ပြီး ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အနည်းဆုံး လေးလကနေ ခြောက်လလောက်အထိ စောင့်ကြည့် ပြီးမှ ကိုယ်ဝန်ယူသင့်ပါတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောကြားလိုက်ပါတယ်။

zika2

ကျန်းမာရေးဝန်ကြီးဌာနမှာ အောက်တိုဘာလ၂၈ရက် ဒီကနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့တဲ့ဇီကာဗိုင်းရပ်နဲ့ ပတ်သတ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး ပထမဆုံးကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။ ကူးစက်ခံရသူဟာ အသက်အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်သည် နိုင်ငံခြားခရီးသွားအမျိုးသမီးတစ်ဦးဖြစ်ပြီး ဗိုင်းရပ်စ်ရှိတယ်လို့ သံသယရှိတာကြောင့် ဓာတ်ခွဲခန်း စမ်းသပ်မှုပြု လုပ်ပြီးနောက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

adv_banner