?bph6

Place your ads here!

ကြိုတင်မဲစနစ် မထားဖို့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ တောင်းဆို

လာမယ့် ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် အထွေထွေရွေးကောက်ပွဲတွေမှာ ကြိုတင်မဲစနစ်မထားဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)က ပြောကြားလိုက်ပါတယ်။

uec

အောက်တိုဘာ ၂၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စုရွေးကောက့်ွဲ ကော်မရှင်တို့ တွေ့ဆုံပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)က အဲဒီလို တောင်းဆိုလိုက်တာပါ။

ကြိုတင်မဲပေးတဲ့စနစ်ကြောင့် မဲမသမာမှု ဖြစ်စေပြီး အင်ဒိုနီးရှားလို နိုင်ငံမျိုးမှာ ကြိုတင်မဲပေးတဲ့ စနစ်မရှိတဲ့အပြင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပါ မဲပေးခွင့်မရှိတာကိုတွေ့ရတယ်လို့ SNDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ကိုသားကြီး (နေပြည်တော်)

adv_banner