Aim Star Network အဖွဲ့ဝင် ဂျိုးဇက်ဝူကို စာနယ်ဇင်းကောင်စီ အရေးယူပေးဖို ဂျာနယ်လစ်ကွန်ရက် တိုင်ကြား

0
460

စီးပွားရေး အသိအမြင်ပေးပွဲတစ်ခုမှာ မြန်မာနိုင်ငံက ဂျစ်နယ်လစ်အားလုံးကို စော်ကားပြောဆိုခဲ့တဲ့ Aim Star Network က ဂျိုးဇက်ဝူ ဆိုသူကို အရေးယူပေးဖို့ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)က မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီကို စက်တင်ဘာ ၃၀ ရက်နေ့မှာ တိုင်ကြားခဲ့ပါတယ်။

air-star

Aim Star Network (Myanmar) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျိုးဇက်ဝူဆိုသူဟာ စက်တင်ဘာလ ၂၀ ရက်နေ့ မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးအသိအမြင်ပေးပွဲမှာ သတင်းထောက်ကို ဝေဖန်စော်ကား ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံက သတင်းစာဆရာတွေဟာ တတ်လို့လုပ်နေတာမဟုတ်ဘဲ ငတ်လို့လုပ်နေကြတာ၊ ရေးချင်ရာ လျှောက်ရေးနေကြတာလို့ ပုတ်ခတ်ပြောဆိုခဲ့တဲ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့မှာ သူ့ကို တရားစွဲရင် ပြန် တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်အနေနဲ့ ဂျိုးဇက်ဝူကို အရေးယူဖို့ အနယ်နယ်အရပ်ရပ်က သတင်းသမားတွေက အွန်လိုင်းပေါ်မှာ လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြပါတယ်။ ဂျိုးဇက်ဝူရဲ့ လုပ်ရပ်တွေဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအပေါ် အများပြည်သူကို အယုံအကြည် ကင်းမဲ့စေတယ်လို့လည်း MJN က တိုင်ကြားချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။