အမှိုက်သိမ်း လှည်တွေ နေရာမှာ သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်တွေ အစားထိုးမယ်

0
296

ရန်ကုန်မြို့အတွင်း အသုံးပြုနေတဲ့ အမှိုက်သိမ်း လက်တွန်းလှည်တွေ နေရာမှာ သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်တွေနဲ့ အစားထိုး အသုံးပြုသွားဖို့ ရှိနေတာပါ။

ဒီသတင်းကိုတော့ MCN သတင်းထောက် နေမင်းခက ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းက မြို့နယ်အချို့မှာ လက်ရှိအသုံးပြုနေတဲ့ လက်တွန်းလှည်း အမှိုက်သိမ်းယာဉ်တွေဟာ လုပ်ငန်းခွင်မှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီ လက်တွန်းလှည်း အမှိုက်သိမ်းယာဉ်တွေဟာ ခိုင်ခံ့မှုမရှိတော့တာကြောင့် အစားထိုးဖို့လည်း အချိန်တန် နေပြီလို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက ပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ လက်တွန်းလှည်း အမှိုက်သိမ်းယာဉ်တွေနေရာမှာ သုံးဘီးဆိုင်ကယ် အမှိုက်သိမ်းယာဉ်တွေ အစားထိုးမယ်ဆိုပါက တစ်မြို့နယ်ကို ၂ စီးနှုန်းနဲ့ ၆၆ စီး ခန့်လဲလှယ်သွားရမှာဖြစ်ပြီး အဲ့ဒီလို အစားထိုးလဲလှယ်နိုင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပြီး အစိုးရအဖွဲ့အနေနဲ့လည်း ခွင့်ပြုပေးဖို့ မျှော်လင့် တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာရှိတဲ့ မြို့နယ်အချို့က လမ်းသွယ်လေးတွေဟာ အမှိုက်သိမ်းယာဉ်တွေ ၀င်ရောက် နိုင်ဖို့အခက်အခဲတွေရှိနေတာကြောင့် လက်တွန်းလှည်း အမှိုက်သိမ်းယာဉ်တွေကို အသုံးပြုနေရတာဖြစ်ပါ တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အနေနဲ့ ရန်ကုန်မြို့တွင်းမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို လည်း ဥပဒေ နည်းဥပဒေ ရေးဆွဲပြဌာန်းပြီး အရေးယူမှုတွေ ပြုလုပ်သွားဖို့လည်း ရှိနေတာဖြစ်ပါတယ်။