
0
573




အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကူညီမယ်လို့ အမေရိကန် သံအမတ်ကြီးပြော


မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် အမေရိကန်က ဆက်လက် ကူညီ ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ်ကေ ပြောပါတယ်။


မေလ ၂၂ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကောမာစီရယ်တို့ တွေ့ဆုံစဉ်မှာ သံအမတ်ကြီးက အခုလို ပြောခဲ့တာပါ။


မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ဦးဆောင်မှုကို ကူညီထောက်ပံ့မှုတွေ၊ သင်းတန်းအစီအစဉ်တွေက တစ်ဆင့် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ် ကပြောခဲ့ပါတယ်။