Pen Myanmar: တရားစြဲမႈေတြက လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုခြင့္ကို ထိခိုက္

0
111

တပ္မေတာ္နဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ တရားစြဲ ဖမ္းဆီးအေရးယူမႈေတြက နုိင္ငံေတာ္ရဲ႕ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆုိခြင့္ အေျခအေနကို ေလ်ာ့ပါးနိမ့္က်ေစတာေၾကာင့္ အစိုးရက ဆန္းစစ္ေလ့လာ တာ၀န္ယူေျဖရွင္းေပးဖုိ႔ Pen Myanmar က ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆုိလုိက္ပါတယ္။

သႀကၤန္ကာလ မတုိင္မီကတည္းက မီဒီယာသမားေတြ အပါအ၀င္ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ က်င့္သုံးေနသူေတြကုိ အေရးယူဖမ္းဆီးမႈေတြ ဆက္တုိက္ ထြက္ေပၚေနတာဟာ ဒီေန႔အထိ ျဖစ္ေနေၾကာင္း Pen Myanmar  က ေျပာပါတယ္။

မတ္လ ၂၉ ရက္ေန႔မွာ တပ္မေတာ္က ပုဒ္မ ၆၆ (ဃ)၊ ပုဒ္မ ၅၀၅ (က) တုိ႔နဲ႔ တရားစြဲဆုိခံရသူ ဒါ႐ိုက္တာ မင္းထင္ကုိကုိႀကီး၊ ဧၿပီလမွယ တပ္မေတာ္က ပုဒ္မ ၆၆ (ဃ)၊ ပုဒ္မ ၅၀၅ (က) တို႔နဲ႔ တရားစြဲဆုိခံရသူ ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕ဝင္ ငါးဦး၊ ဧၿပီလအတြင္း ဧရာဝတီသတင္းဌာန အႀကီးတန္း အယ္ဒီတာ ဦးရဲနည္တို႔ကုိ တရားစြဲဆုိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Pen Myanmar: တရားစွဲမှုတွေက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်

တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားစွဲ ဖမ်းဆီးအရေးယူမှုတွေက နိုင်ငံတော်ရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လျော့ပါးနိမ့်ကျစေတာကြောင့် အစိုးရက ဆန်းစစ်လေ့လာ တာဝန်ယူဖြေရှင်းပေးဖို့ Pen Myanmar က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သင်္ကြန်ကာလ မတိုင်မီကတည်းက မီဒီယာသမားတွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးနေသူတွေကို အရေးယူဖမ်းဆီးမှုတွေ ဆက်တိုက် ထွက်ပေါ်နေတာဟာ ဒီနေ့အထိ ဖြစ်နေကြောင်း Pen Myanmar က ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ တပ်မတော်က ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲဆိုခံရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဧပြီလမှယ တပ်မတော်က ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (က) တို့နဲ့ တရားစွဲဆိုခံရသူ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦး၊ ဧပြီလအတွင်း ဧရာဝတီသတင်းဌာန အကြီးတန်း အယ်ဒီတာ ဦးရဲနည်တို့ကို တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။