ပ်ဥ္းမနားၿမိဳ႕နယ္မွာ ယာဥ္တိမ္းေမွာက္၊ လူ ၂၃ ဦး ဒဏ္ရာရ

0
131

ပ်ဥ္းမနားၿမိဳ႕နယ္၊ ဆိတ္ဖူးေတာင္ေက်း႐ြာအနီး ေတာင္အဆင္းေကြ႕မွာ ေမလ ၂၃ ရက္ေန႔က ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး လူ ၂၃ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ပ်ဥ္းမနားၿမိဳ႕နယ္၊ ဆိတ္ဖူးေတာင္ေက်း႐ြာအနီး ေတာင္အဆင္းေကြ႕မွာ ျမသီတာေက်း႐ြာကေန  ပ်ဥ္းမနားၿမိဳ႕ေဈးကို သက္လြင္ (၄၃) ႏွစ္ ေမာင္းႏွင္လာတဲ့ ISUZU ယာဥ္ဟာ ဘရိတ္ေပါက္ၿပီး လဲက်တိမ္းေမွာက္ခဲ့တာပါ။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး သက္လြင္ ကို ပ်ဥ္းမနားၿမိဳ႕မ ရဲစခန္းယာဥ္ (ပ) ၁၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈ / ၃၃၇ (ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္/ သာမန္နာက်င္ေစမႈ) နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔  ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ပျဉ်းမနားမြို့နယ်မှာ ယာဉ်တိမ်းမှောက်၊ လူ ၂၃ ဦး ဒဏ်ရာရ

ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအနီး တောင်အဆင်းကွေ့မှာ မေလ ၂၃ ရက်နေ့က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအနီး တောင်အဆင်းကွေ့မှာ မြသီတာကျေးရွာကနေ ပျဉ်းမနားမြို့ဈေးကို သက်လွင် (၄၃) နှစ် မောင်းနှင်လာတဲ့ ISUZU ယာဉ်ဟာ ဘရိတ်ပေါက်ပြီး လဲကျတိမ်းမှောက်ခဲ့တာပါ။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်လွင် ကို ပျဉ်းမနားမြို့မ ရဲစခန်းယာဉ် (ပ) ၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ / ၃၃၇ (ပေါ့လျော့မှုကြောင့် ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။