တပ္မေတာ္က ေျမယာေတြအတင္းၿခံစည္း႐ိုးခတ္ခဲ့လို႔ ေဒသခံေတာင္သူေတြ ဆႏၵျပ

0
159

တပ္မေတာ္က ေျမယာေတြကို အတင္းအဓမၼျခံစည္းရိုးခတ္ခဲ႔တယ္ဆိုျပီး က်ြဲနဖားေက်းရြာ ေဒသခံ ေတာင္သူေတြ ဆႏၵထုတ္ေဖာ္ခဲ႔ပါတယ္။ ဒီသတင္းကိုေတာ့ MCN မႏၲေလးသတင္းေထာက္ ဥာဏ္လင္းထူးကေပးပို႔ထားပါတယ္။

မႏၲေလးၿမိဳ႕ ပုသိမ္ႀကီးၿမိဳ႕နယ္ ကြ်ဲနဖားေက်းရြာက ဧက ႏွစ္ရာေက်ာ္ေပၚမွာ ေမြးျမဴးေရးလုပ္ငန္းလုပ္ကိုင္ဖို႔ဆိုျပီး အမွတ္ ၁၂၁ ေထာက္ပို႔တပ္ရင္းက ျခံစည္းရိုးေတြကာရံရာမွာ ေဒသခံေတြက သူတို႔ေျမေတြပါဝင္တယ္ဆိုျပီး အျငင္းပြားေနတာျဖစ္ပါတယ္။

အဲ႔ဒီအတြက္ ေဒသခံေတာင္သူေတြက မတ္လ၂၄ ရက္ေန႔မွာ လူအင္အား တစ္ရာနီးပါးနဲ႔ ဆႏၵထုတ္ေဖာ္ခဲ႔ၾကတာပါ။

အင္တာဗ်ဴး ေဒၚခင္မာေအး

ေျမသိမ္းခံေတာင္သူ ကြ်ဲနဖားေက်းရြာ

အဲ႔ဒီလို ျခံစည္းရိုးခတ္လိုက္တဲ႔အထဲမွာ ေဒသခံေတာင္သူ၆၀ေက်ာ္ရဲ႕ စိုက္ပ်ဳိးလုပ္ကိုင္ေနတဲ႔ေျမေတြ ပါဝင္သြားတယ္လို႔ ဆိုပါတယ္။

အဲ႔လိုပါဝင္တဲ႔အေပၚမွာ တရားဝင္ သိမ္းဆည္းတယ္ဆိုၿပီး ထုတ္ျပန္တာ မရွိပဲ အထက္အမိန္႔ေၾကာင့္ လုိ႔ေျပာဆုိၿပီး သိမ္းဆည္းတဲ႔အေပၚ မေက်နပ္မႈေတြရွိေနတာပါ။

အင္တာဗ်ဴး ဦးသက္ေက်ာ္

ေျမသိမ္းခံ ေတာင္သူ ကြ်ဲနဖားေက်းရြာ

အခုလိုအျငင္းပြားေနမႈေတြအတြက္ တိုင္းေဒသႀကီး အစိုးရအပါအဝင္ သက္ဆိုင္ရာငွာနေတြကို တင္ျပထားေပမယ့္ ဝင္ေရာက္ေျဖရွင္းေပးတာမ်ဳိး မရွိေသးတာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

တပ်မတော်က မြေယာတွေကို အတင်းအဓမ္မခြံစည်းရိုးခတ်ခဲ့တယ်ဆိုပြီး ကျွဲနဖားကျေးရွာ ဒေသခံ တောင်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးကပေးပို့ထားပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာက ဧက နှစ်ရာကျော်ပေါ်မှာ မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်ဖို့ဆိုပြီး အမှတ် ၁၂၁ ထောက်ပို့တပ်ရင်းက ခြံစည်းရိုးတွေကာရံရာမှာ ဒေသခံတွေက သူတို့မြေတွေပါဝင်တယ်ဆိုပြီး အငြင်းပွားနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒေသခံတောင်သူတွေက မတ်လ၂၄ ရက်နေ့မှာ လူအင်အား တစ်ရာနီးပါးနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အင်တာဗျူး ဒေါ်ခင်မာအေး
မြေသိမ်းခံတောင်သူ ကျွဲနဖားကျေးရွာ

အဲ့ဒီလို ခြံစည်းရိုးခတ်လိုက်တဲ့အထဲမှာ ဒေသခံတောင်သူ၆၀ကျော်ရဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့မြေတွေ ပါဝင်သွားတယ်လို့ ဆိုပါတယ်။

အဲ့လိုပါဝင်တဲ့အပေါ်မှာ တရားဝင် သိမ်းဆည်းတယ်ဆိုပြီး ထုတ်ပြန်တာ မရှိပဲ အထက်အမိန့်ကြောင့် လို့ပြောဆိုပြီး သိမ်းဆည်းတဲ့အပေါ် မကျေနပ်မှုတွေရှိနေတာပါ။

အင်တာဗျူး ဦးသက်ကျော်
မြေသိမ်းခံ တောင်သူ ကျွဲနဖားကျေးရွာ

အခုလိုအငြင်းပွားနေမှုတွေအတွက် တိုင်းဒေသကြီး အစိုးရအပါအဝင် သက်ဆိုင်ရာငှာနတွေကို တင်ပြထားပေမယ့် ဝင်ရောက်ဖြေရှင်းပေးတာမျိုး မရှိသေးတာပဲ ဖြစ်ပါတယ်ခင်ဗျာ။