မဟာမင္းႀကီး Mr. Flippo Grandi ဟာ ဒုကၡသည္ေတြ၊ အရပ္ဖက္အဖြဲ႔စည္းေတြနဲ႔ ေတြဆံု

0
85

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး Mr.Filippo Grandi ဟာ႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕အပါအ၀င္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ဒုကၡသည္ေတြကို ေမလ ၂၂ ရက္ေန႔က ေတြ႕ဆုံခဲ့ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ေမလ ၂၀ ရက္ေန႔ကေန ၂၂ ရက္ေန႔အထိ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး Mr.Filippo Grandi နဲ႔အဖြဲ႔တုိ႔ဟာ ရခိုင္ျပည္နယ္အတြင္းက ဒုကၡသည္ေတြရဲ႕အေရးကိစၥေတြကို လာေရာက္ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မဟာမင္းႀကီးနဲ႔အဖြဲ႔ဟာ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြက ဒုကၡသည္စခန္းေတြနဲ႔ ဘဂၤါလီေက်းရြာေတြကို ေမလ ၂၁ ရက္ေန႔မွာ သြားေရာက္ခဲ့ၿပီး ၂၂ ရက္ေန႔မွာ စစ္ေတြၿမိဳ႕မွာရွိတဲ့ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြအပါအျပင္ အစိုးရအဖြဲ႔တာဝန္ရွိသူေတြနဲ႔လည္း ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

မေန႔က ေတြ႔ဆုံပြဲမွာ ႏုိင္ငံတကာအဖြဲ႔အစည္းေတြျဖစ္တဲ့ INGO ေတြဘက္က ဒုကၡသည္ေတြကို ေထာက္ပံ့ကူညီေပးဖို႔အတြက္ တားဆီးမႈေတြရွိေနေၾကာင္း တင္ျပခဲ့ၾကၿပီး အရပ္ဖက္အဖြဲ႔အစည္းေတြကေတာ့ အကူအညီေပးတဲ့အခါမွာ အားလံုးကို တေျပးညီေပးဖုိ႔အတြက္ တိုက္တြန္းေျပာၾကားခဲဲ့ၾကတာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးေရႊေဘာ္စိန္ (ဥကၠဌ)

     ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံံုး (REC)

အဲ့ဒီအဖြဲ႔ဟာ မေန႔က ေန႔လည္ပိုင္းမွာ အစိုးရအဖြဲ႔နဲ႔ ေတြ႔ဆံုခဲ့သလို စစ္ေတြၿမိဳ႕နယ္အတြင္းက ဘဂၤါလီဒုကၡသည္စခန္းေတြကို သြားေရာက္ေတြ႔ဆံုၿပီး ဘဂၤါလီေတြဘက္က မူလေနရာေတြမွာ ျပန္လည္ေနထုိင္ခြင့္ရရွိေရး၊ ႏုိင္ငံသားကတ္ျပားရရွိေရးနဲ႔ တန္းတူအခြင့္အေရးရရွိေရးစတဲ့ အခ်က္သံုးခ်က္ကို တင္ျပေတာင္းဆိုခဲ့ၾကပါတယ္။

အင္တာဗ်ဴး – ဦးဂ်မလ္ (ေခါင္းဒုကၠာကယ္ဆယ္ေရးစခန္း)

ဒါ့အျပင္ ဘဂၤါလီဒုကၡသည္ေတြကို ႏုိင္ငံတကာအဖြဲ႔အစည္းေတြက ေထာက္ပံ့ကူညီမႈေတြ ျပဳလုပ္ေပးေနေပမယ့္ တခ်ိဳ႕အိမ္ေထာင္စုေတြဟာ အကူအညီမရရွိတာေတြရွိေနၿပီး အဲ့ဒီမိသားစုေတြအတြက္ကိုလည္း ေထာက္ပံ့ကူညီေပးဖုိ႔ ေတာင္းဆိုခဲ့ၾကပါတယ္။

အင္တာဗ်ဴး – မာေမာက္ေရာ္ဟီး(ေဆးသမားႀကီးကယ္ဆယ္ေရးစခန္း)

Mr.Filippo Grandi ရဲ႕ ႏွစ္ရက္အၾကာ ရခုိင္ျပည္နယ္အခရီးစဥ္မွာ မူဆလင္ဒုကၡသည္ေတြ၊ စစ္ေဘးဒုကၡသည္ေတြ၊ ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ အရပ္ဖက္အဖြဲ႔အစည္းေတြက တင္ျပေတာင္းဆိုခ်က္ေတြကို ျပည္ေထာင္စုအစိုးရကို တုိက္တြန္းမႈေတြ ျပဳလုပ္သြားမယ္လို႔ ေျပာၾကားခဲ့တဲ့အေၾကာင္း REC ဥကၠဌ ဦးေရႊေဘာင္စိန္ကေျပာၾကားခဲ့ပါတယ္ ခင္ဗ်ား။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi ဟာ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်တွေကို မေလ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr.Filippo Grandi နဲ့အဖွဲ့တို့ဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေရဲ့အရေးကိစ္စတွေကို လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


မဟာမင်းကြီးနဲ့အဖွဲ့ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ဒုက္ခသည်စခန်းတွေနဲ့ ဘင်္ဂါလီကျေးရွာတွေကို မေလ ၂၁ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ၂၂ ရက်နေ့မှာ စစ်တွေမြို့မှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါအပြင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


မနေ့က တွေ့ဆုံပွဲမှာ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ INGO တွေဘက်က ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့အတွက် တားဆီးမှုတွေရှိနေကြောင်း တင်ပြခဲ့ကြပြီး အရပ်ဖက်အဖွဲ့အစည်းတွေကတော့ အကူအညီပေးတဲ့အခါမှာ အားလုံးကို တပြေးညီပေးဖို့အတွက် တိုက်တွန်းပြောကြားခဲ့ကြတာဖြစ်ပါတယ်။


အင်တာဗျူး – ဦးရွှေဘော်စိန် (ဥက္ကဌ)
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)


အဲ့ဒီအဖွဲ့ဟာ မနေ့က နေ့လည်ပိုင်းမှာ အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်တွေမြို့နယ်အတွင်းက ဘင်္ဂါလီဒုက္ခသည်စခန်းတွေကို သွားရောက်တွေ့ဆုံပြီး ဘင်္ဂါလီတွေဘက်က မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေး၊ နိုင်ငံသားကတ်ပြားရရှိရေးနဲ့ တန်းတူအခွင့်အရေးရရှိရေးစတဲ့ အချက်သုံးချက်ကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။


အင်တာဗျူး – ဦးဂျမလ် (ခေါင်းဒုက္ကာကယ်ဆယ်ရေးစခန်း)


ဒါ့အပြင် ဘင်္ဂါလီဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနေပေမယ့် တချို့အိမ်ထောင်စုတွေဟာ အကူအညီမရရှိတာတွေရှိနေပြီး အဲ့ဒီမိသားစုတွေအတွက်ကိုလည်း ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


အင်တာဗျူး – မာမောက်ရော်ဟီး(ဆေးသမားကြီးကယ်ဆယ်ရေးစခန်း)


Mr.Filippo Grandi ရဲ့ နှစ်ရက်အကြာ ရခိုင်ပြည်နယ်အခရီးစဉ်မှာ မူဆလင်ဒုက္ခသည်တွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တင်ပြတောင်းဆိုချက်တွေကို ပြည်ထောင်စုအစိုးရကို တိုက်တွန်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း REC ဥက္ကဌ ဦးရွှေဘောင်စိန်ကပြောကြားခဲ့ပါတယ် ခင်ဗျား။