
0
378




သရုပ်ဆောင် ဝေဠုကျော်နဲ့ မော်ဒယ် သင်းသင်းအမှု ကိုးကြိမ်မြောက် ရုံးချိန်းခေါ်ယူ


သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ မော်ဒယ် သင်းသင်းက တရားစွဲဆိုထားတဲ့ အမှုကို ကိုးကြိမ်းမြောက် ရုံးချိန်း ခေါ်ယူခဲ့ပါတယ်။

ဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်တရားရုံးမှာ ကိုးကြိမ်မြောက် ရုံးချိန်း ခေါ်ယူခဲ့တာဖြစ်ပြီး ရုံးချိန်းကို ကာယံကံရှင် နှစ်ဦးစလုံး တက်ရောက်ခဲ့ပါတယ်။

တရားခွင်စစ်ဆေးမှုမှာ ဝေဠုကျော်နဲ့ သင်းသင်းတို့အကြား ဖုန်းဆက်သွယ်မှု အသံဖိုင်တွေကို တရားလိုဘက်က တင်သွင်းခဲ့ပြီး အမှုကို ဇွန် ၅ ရက်ကို ဆက်လက် စစ်ဆေးဖို့ တရားရုံးက ချိန်းဆိုခဲ့ပါတယ်။