ILO ရဲ႕ လြတ္လပ္စြာအတင္းပင္းဖြဲ႕စည္းခြင့္ကိုကာကြယ္ေပးဖို႔ အစိုးရလက္မွတ္ထိုးဖို႔ေဆာင္႐ြက္မယ္

0
116

ဆြစ္ဇလန္ႏိုင္ငံမွာက်င္းပမယ့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာ ညီလာခံမွာ ILO ရဲ႕ လြတ္လပ္စြာ အတင္းအပင္းဖြဲ႕စည္းခြင့္ကို အကာအကြယ္ေပးတဲ့ ျပ႒ာန္းခ်က္ အမွတ္ ၉၈ ကို အစိုးရလက္မွတ္ထိုးဖို႔ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ MICS က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌး ကေပးပို႔ထားပါတယ္။

လြတ္လပ္စြာ အတင္းအပင္းဖြဲ႕စည္းခြင့္နဲ႔ပတ္သက္ၿပီး အလုပ္သမားအေရး ေဆာင္ရြက္သူအမ်ားစုက ေတာင္းဆိုေနၾကတာေၾကာင့္ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္ သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ အေနနဲ႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာ ညီလာခံမွာ တင္ျပသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ကိုသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

လက္ရွိမွာ လြတ္လပ္စြာအတင္းအပင္းဖြဲ႕စည္းခြင့္နဲ႔ပတ္သက္ၿပီး အစိုးရက လက္မွတ္မထိုးေသးတာေၾကာင့္ အလုပ္သမားအေရးေဆာင္ရြက္သူေတြအေနနဲ႔ အစိုးရကိုလက္မွတ္ထိုးဖို႔ တိုက္တြန္းရတာဟာ အလုပ္သမားေခါင္းေဆာင္ေတြကို ဥပေဒအရ ပိုၿပီးအကာအကြယ္ေပးႏိုင္ဖို႔ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ကိုသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ILO ရဲ႕တရား၀င္ျပ႒ာန္းခ်က္ေတြထဲမွာ ၂၀၁၈ ခုႏွစ္အတြင္း အလုပ္သမားသမဂၢေခါင္းေဆာင္ေတြနဲ႔ အလုပ္သမားသမဂၢဖြဲ႔စည္းလို႔ အလုပ္ထုတ္ခံရတာ ၉၅ ရာခိုင္ႏႈန္းရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေၾကာင့္ျမန္မာႏိုင္ငံမွာ FOA နဲ႔ပတ္သက္ၿပီး ေပ်ာက္ဆံုးလုနီးပါးကိုျဖစ္ေနတာေၾကာင့္ ဒီမိုကေရစီအစိုးရ လက္ထက္မွာ FOA ကို ကာကြယ္ေပးႏိုင္မႈမရွိတာကို အလုပ္သမားအေရး လိုက္ပါေဆာင္ရြက္သူ ေတြအေနနဲ႔ ပိုၿပီးစိတ္မေကာင္းျဖစ္ရတယ္လို႔လည္း ေျပာပါတယ္ရွင္။

ဆွစ်ဇလန်နိုင်ငံမှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ ILO ရဲ့ လွတ်လပ်စွာ အတင်းအပင်းဖွဲ့စည်းခွင့်ကို အကာအကွယ်ပေးတဲ့ ပြဋ္ဌာန်းချက် အမှတ် ၉၈ ကို အစိုးရလက်မှတ်ထိုးဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ MICS က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေး ကပေးပို့ထားပါတယ်။

လွတ်လပ်စွာ အတင်းအပင်းဖွဲ့စည်းခွင့်နဲ့ပတ်သက်ပြီး အလုပ်သမားအရေး ဆောင်ရွက်သူအများစုက တောင်းဆိုနေကြတာကြောင့် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် အနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှာ တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကိုသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)

မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
လက်ရှိမှာ လွတ်လပ်စွာအတင်းအပင်းဖွဲ့စည်းခွင့်နဲ့ပတ်သက်ပြီး အစိုးရက လက်မှတ်မထိုးသေးတာကြောင့် အလုပ်သမားအရေးဆောင်ရွက်သူတွေအနေနဲ့ အစိုးရကိုလက်မှတ်ထိုးဖို့ တိုက်တွန်းရတာဟာ အလုပ်သမားခေါင်းဆောင်တွေကို ဥပဒေအရ ပိုပြီးအကာအကွယ်ပေးနိုင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)

မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
ILO ရဲ့တရားဝင်ပြဋ္ဌာန်းချက်တွေထဲမှာ ၂၀၁၈ ခုနှစ်အတွင်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းလို့ အလုပ်ထုတ်ခံရတာ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံမှာ FOA နဲ့ပတ်သက်ပြီး ပျောက်ဆုံးလုနီးပါးကိုဖြစ်နေတာကြောင့် ဒီမိုကရေစီအစိုးရ လက်ထက်မှာ FOA ကို ကာကွယ်ပေးနိုင်မှုမရှိတာကို အလုပ်သမားအရေး လိုက်ပါဆောင်ရွက်သူ တွေအနေနဲ့ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပါတယ်ရှင်။