ကျောက်မျက်ရတနာတွေ လေလွင့်မှုနည်းအောင်လို့ မာစတာပလန်ဆွဲဖို့လိုအပ်

0
109











ကျောက်မျက်ရတနာကဏ္ဍမှာ လေ့လွင်မှုတွေ နည်းပါလာဖို့ မာစတာပလန် ရေးဆွဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးကပေးပို့ ထားပါတယ်။

ကျောက်မျက် ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က အတည်ပြုခဲ့ပြီး ကျောက်မျက်ကျောက်စိမ်းနဲ့ ပတ်သက်ပြီး နည်းဥပဒေကိုတော့ လာမယ့် ဇွန်လအတွင်းမှာ အတည်ပြုတော့မှာလည်းဖြစ်ပါတယ်။

ကျောက်မျက်ရတနာကဏ္ဍမှာ လေ့လွင်မှုတွေနည်းပါလာဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရ၊ ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေပါဝင်တဲ့ မာစတာပလန် ရေးဆွဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကပြောပါတယ်။

မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ မြန်မာကျောက်မျက်ရတနာနဲ့ နိုင်ငံတကာဈေးကွက် အခွင့်အလမ်း စကားဝိုင်း ပြုလုပ်ခဲ့တာပါ။

Soundbite ဦးဇော်ဘိုခန့် (ဒုတိယ ဥက္ကဋ္ဌ)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

ဒါအပြင် ကျောက်မျက်ရတနာ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ အကျိုးခံစားခွင့်တွေ မရရှိတာဟာ အစိုးရရဲ့ မူဝါဒကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Soundbite ဒေါက်တာအောင်ကျော်ဝင်း (ဒုတိယ ဥက္ကဋ္ဌ)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေအနေနဲ့ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မာစတာပလန် ရေးဆွဲဖို့ပေးဖို့နဲ့ အခွန်ကောက်ခံမှု နှုန်းတွေ လျှောချပေးဖို့ တောင်းဆိုထားပါတယ်ရှင်။