
0
162




ကျောင်းနေ ကလေးတွေ အရည်အသွေး တိုးတက်အောင် မိဘတွေ ပူးပေါင်းပါဝင်ဖို့ စီစဉ်ထား


ပြီးခဲ့တဲ့နှစ်တွေက ကျောင်းအပ်နှံရေး သီတင်းပတ်တွေမှာ ပညာသင်ယူမှု အခွင့်အလမ်းကို ပိုမိုဦးစားပေး ဆောင်ရွက်ခဲ့တာပါ။ အခုနှစ်မှာတော့ မည့်သည့်ခွဲခြားမှုမှ မရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိတဲ့ ပညာသင်ယူခွင့် ရရှိဖို့ မိဘပြည်သူတွေ အားလုံးဝိုင်းဝန်း ကူညီစို့ ဆောင်ပုဒ်နဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


မေလ ၂၂ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်အကြို သတင်းစာ ရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားခဲ့တာပါ။


ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာကျောင်း ပေါင်း ၄၇၀ဝ၅ ကျောင်း၊ ကျောင်းအုပ်ကြီးတွေ အပါအဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ကြားရေးဆရာ ဆရာမဦးရေ ၄၀၄၄၄၄ ဦးနဲ့ ကျောင်းသား ကျောင်းသူပေါင်း ၉၁၄၄၄၆၉ ဦးရှိပါတယ်။