
0
209




BCF က ကူတူပါလောင် ဒုက္ခသည်စခန်းကို အကူအညီတွေ ဆက်ပေးမယ်


အီရတ်နိုင်ငံ၊ ကာဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် ဘာဇနီ ဒါန ဖောင်ဒေးရှင်း (BCF) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ မွတ်စလင်တွေ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဆက်လက် ပေးမှာ ဖြစ်ပါတယ်။


ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ BCF က ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပေးနေတာပါ။ အဲဒီ ဒုက္ခသည်စခန်းမှာ ရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ သောက်သုံးဖို့ မသင့်တာကြောင့် ဒုက္ခသည်တွေဟာ ကျန်းမာရေး အကူအညီတွေ လိုအပ်နေပါတယ်။


Med Global အဖွဲ့နဲ့ ပူးပေါင်းပြီး BCF က ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ဆေးခန်းဖွင့်ထားပြီး ကျန်းမာရေး စစ်ဆေးမှုနဲ့ ဆေးပေးမှုတွေကို လူ ၅၀ဝ အတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။