ပူးေပါင္းကင္းလွည့္ဖို႔ ျမန္မာ ေရတပ္သေဘၤာေတြ အိႏၵိယကို ေရာက္ရွိ

0
230

ေဒသတြင္း ပူးေပါင္းေဆာင္ရြက္မႈ အစီအစဥ္အရ အိႏၵိယ-ျမန္မာ ပူးေပါင္း ကင္းလွည့္ဖို႔အတြက္ ျမန္မာ ေရတပ္သေဘၤာ ႏွစ္စီး အိႏၵိယႏိုင္ငံ၊ ပို႔ဘလဲဆိပ္ကမ္းကို ေရာက္ရွိေနပါတယ္။

ေမလ ၂၀ ရက္ေန႔ကစၿပီး ေလးရက္ၾကာ အိႏၵိယ-ျမန္မာ ေရနယ္နိမိတ္ မ်ဥ္းေၾကာင္းတစ္ေလွ်ာက္ ၇၂၅ ကီလိုမီတာ အထိ ျမန္မာ စစ္သေဘၤာနဲ႔ အိႏၵိယ စစ္သေဘၤာေတြ ကင္းလွည့္မွာ ျဖစ္ပါတယ္။

ေရေၾကာင္း ကင္းလွည့္စဥ္အတြင္း ႏိုင္ငံတကာ ေရနယ္နိမိတ္ မ်ဥ္းေၾကာင္း (IMBL) ကို ျဖတ္သန္းမွာေတာ့ မဟုတ္ပါဘူး။ ႏွစ္ႏိုင္ငံနဲ႔ သက္ဆိုင္တဲ့ အၾကမ္းဖက္မႈ၊ တရားမဝင္ ငါးဖမ္းမႈ၊ မူးယစ္ေဆး ေမွာင္ခိုမႈ၊ လူကုန္ကူးမႈေတြကို တိုက္ဖ်က္ဖို႔အတြက္ ျဖစ္ေၾကာင္း အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနက မေန႔ ေမလ ၂၁ ရက္မွာ သတင္း ထုတ္ျပန္ထားပါတယ္။

ပူးပေါင်းကင်းလှည့်ဖို့ မြန်မာ ရေတပ်သင်္ဘောတွေ အိန္ဒိယကို ရောက်ရှိ


ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အိန္ဒိယ-မြန်မာ ပူးပေါင်း ကင်းလှည့်ဖို့အတွက် မြန်မာ ရေတပ်သင်္ဘော နှစ်စီး အိန္ဒိယနိုင်ငံ၊ ပို့ဘလဲဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။


မေလ ၂၀ ရက်နေ့ကစပြီး လေးရက်ကြာ အိန္ဒိယ-မြန်မာ ရေနယ်နိမိတ် မျဉ်းကြောင်းတစ်လျှောက် ၇၂၅ ကီလိုမီတာ အထိ မြန်မာ စစ်သင်္ဘောနဲ့ အိန္ဒိယ စစ်သင်္ဘောတွေ ကင်းလှည့်မှာ ဖြစ်ပါတယ်။


ရေကြောင်း ကင်းလှည့်စဉ်အတွင်း နိုင်ငံတကာ ရေနယ်နိမိတ် မျဉ်းကြောင်း (IMBL) ကို ဖြတ်သန်းမှာတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ အကြမ်းဖက်မှု၊ တရားမဝင် ငါးဖမ်းမှု၊ မူးယစ်ဆေး မှောင်ခိုမှု၊ လူကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့အတွက် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ မေလ ၂၁ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။