ထိုင္းဘုရင္ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျမန္မာ အက်ဥ္းသား ၅၉ ဦး လြတ္ေျမာက္

0
377

ဘုရင့္ နန္းတက္ပြဲ အခမ္းအနား အထိမ္းအမွတ္အျဖစ္ ထိုင္းဘုရင္က လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးရာမွာ ထိုင္းႏိုင္ငံ၊ ရေနာင္း အက်ဥ္းေထာင္ကေန ျမန္မာႏိုင္ငံသား အက်ဥ္းသား ၅၉ ဦး လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့ပါတယ္။

ျမန္မာ အက်ဥ္းသားေတြ မေန႔ ေမလ ၂၁ ရက္ေန႔က လြတ္ေျမာက္ခဲ့တာ ျဖစ္ၿပီး လႊတ္ေပးတဲ့ အခမ္းအနားကို ဆိပ္ကမ္းမွာ က်င္းပၿပီး ရေနာင္း အုပ္ခ်ဳပ္ေရးမွဴး ဂ်ာတူေပါ့ ပီယြန္ပူထရာ တက္ေရာက္ပါတယ္။ ထိုင္းႏိုင္ငံ အက်ဥ္းသားေတြနဲ႔အတူ အျပဳအမူ ေကာင္းမြန္တဲ့၊ ဘဝသစ္ကို စတင္ႏိုင္ၿပီ ျဖစ္တဲ့ ျမန္မာ အက်ဥ္းသားေတြကိုပါ ေတာ္ဝင္အမိန္႔နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳလိုက္ေၾကာငး္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္ေပးမယ့္ သူေတြအတြက္ ျပင္ဆင္ေပးတဲ့အေနနဲ႔ ရက္တိုသင္တန္းနဲ႔ ပညာေရးေလ့က်င့္ေပးမႈေတြ လုပ္ေဆာင္ေပးမွာလည္း ျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးမွဴးက ေျပာခဲ့ပါတယ္။   

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြန်မာ အကျဉ်းသား ၅၉ ဦး လွတ်မြောက်


ဘုရင့် နန်းတက်ပွဲ အခမ်းအနား အထိမ်းအမှတ်အဖြစ် ထိုင်းဘုရင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးရာမှာ ထိုင်းနိုင်ငံ၊ ရနောင်း အကျဉ်းထောင်ကနေ မြန်မာနိုင်ငံသား အကျဉ်းသား ၅၉ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပါတယ်။


မြန်မာ အကျဉ်းသားတွေ မနေ့ မေလ ၂၁ ရက်နေ့က လွတ်မြောက်ခဲ့တာ ဖြစ်ပြီး လွှတ်ပေးတဲ့ အခမ်းအနားကို ဆိပ်ကမ်းမှာ ကျင်းပပြီး ရနောင်း အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ ပီယွန်ပူထရာ တက်ရောက်ပါတယ်။ ထိုင်းနိုင်ငံ အကျဉ်းသားတွေနဲ့အတူ အပြုအမူ ကောင်းမွန်တဲ့၊ ဘဝသစ်ကို စတင်နိုင်ပြီ ဖြစ်တဲ့ မြန်မာ အကျဉ်းသားတွေကိုပါ တော်ဝင်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောငး် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။


လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ့် သူတွေအတွက် ပြင်ဆင်ပေးတဲ့အနေနဲ့ ရက်တိုသင်တန်းနဲ့ ပညာရေးလေ့ကျင့်ပေးမှုတွေ လုပ်ဆောင်ပေးမှာလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။