ၿငိမ္းခ်မ္းေရး ဆိုင္ကယ္စီးခဲ့တဲ့လူငယ္ ၆၀ ေက်ာ္ရဲ႕ပံုရိပ္ေတြကို Humanity Festival ျပသမယ္

0
130

ၿငိမ္းခ်မ္းေရးအတြက္ မိုင္ေပါင္း ၁၅၀၀ ေက်ာ္ ဆိုင္ကယ္စီးခဲ့ၾကတဲ့ လူငယ္ ၆၀ ေက်ာ္ရဲ႕ ပံုရိပ္ေတြန႔ဲ ဆိုင္ကယ္ေတြကို Humanity Festival မွာ ျပသသြားမွာျဖစ္ပါတယ္။  ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌး ကေပးပို႔ထားပါတယ္။

ၿငိမ္းခ်မ္းေရးအတြက္ ဆိုင္ကယ္စီးခရီးစဥ္က လူငယ္ေတြရဲ႕ ျဖတ္သန္းခဲ့တဲ့ ေဒသပံုရိပ္ေတြကို ရိုက္ကူးထားတဲ့ ဓာတ္ပံုေတြနဲ႔ ဆိုင္ကယ္ေတြကို Humanity Festival ပြဲေတာ္ ျပသသြားမွာျဖစ္ၿပီး  ရုပ္ရွင္၊ ဂီတပြဲေတာ္ေတြလည္း ပါ၀င္မယ္လို႔ စီစဥ္သူေတြက ေျပာပါတယ္။

ဆိုင္ကယ္ခ်စ္သူေတြနဲ႔ ၿငိမ္းခ်မ္းေရးကို လိုလားတဲ့ လူငယ္ေတြ စုေပါင္းၿပီး ရန္ကုန္ကေန ျမန္မာျပည္ အလယ္ပိုင္းက ၿမိဳ႕ ၅၀ ေက်ာ္ကို ျဖတ္သန္းၿပီး ၿငိမ္းခ်မ္းေရးအတြက္ ၈ ရက္ၾကာ ဆိုင္ကယ္စီးခဲ့ၾကတာပါ။

Soundbite;ကိုသက္ေဆြ၀င္း(ပြဲစီစဥ္သူ)

Another Alternative

အဲဒီပြဲေတာ္မွာ ေတးဂီတအဖြဲ႕ေတြအျပင္၊ DJ ေတြ၊ မွတ္တမ္းဗီဒီယိုေတြ၊ Parforment Art ေတြနဲ႔ ကဗ်ာရြတ္ဆိုတာ ေတြလည္း ပါ၀င္မွာျဖစ္ၿပီး Yangon International မွာ ေမလ ၂၅ ရက္ေန႔ ညေန ၆ နာရီကေန ၁၀ နာရီအထိ  က်င္းပသြားမွာျဖစ္ပါတယ္။

Soundbite; ကိုႏိုင္ဦး (တာ၀န္ခံ)

SYNERGY

ဒီပြဲေတာ္ကို လူငယ္အခ်င္းခ်င္းၾကားထဲမွာ ၿငိမ္းခ်မ္းမႈေတြ၊ မတူကြဲျပားမႈေတြကို လက္ခံရင္းနဲ႔ လူသားဆန္မႈေတြ၊ လူသားျဖစ္တည္မႈကို အေလးထားတဲ့ အေလ့အက်င့္ေတြ တိုးပြားလာေစဖို႔ ျပဳလုပ္သြားမွာျဖစ္ၿပီး လူငယ္ေတြ လာေရာက္ၾကဖို႔ ဖိတ္ေခၚခ်င္တယ္လို႔လည္း စီစဥ္သူေတြက ေျပာပါတယ္ရွင္။

ငြိမ်းချမ်းရေးအတွက် မိုင်ပေါင်း ၁၅၀ဝ ကျော် ဆိုင်ကယ်စီးခဲ့ကြတဲ့ လူငယ် ၆၀ ကျော်ရဲ့ ပုံရိပ်တွေနဲ့ ဆိုင်ကယ်တွေကို Humanity Festival မှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေး ကပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆိုင်ကယ်စီးခရီးစဉ်က လူငယ်တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ဒေသပုံရိပ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဆိုင်ကယ်တွေကို Humanity Festival ပွဲတော် ပြသသွားမှာဖြစ်ပြီး ရုပ်ရှင်၊ ဂီတပွဲတော်တွေလည်း ပါဝင်မယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဆိုင်ကယ်ချစ်သူတွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ လူငယ်တွေ စုပေါင်းပြီး ရန်ကုန်ကနေ မြန်မာပြည် အလယ်ပိုင်းက မြို့ ၅၀ ကျော်ကို ဖြတ်သန်းပြီး ငြိမ်းချမ်းရေးအတွက် ၈ ရက်ကြာ ဆိုင်ကယ်စီးခဲ့ကြတာပါ။

Soundbite;ကိုသက်ဆွေဝင်း(ပွဲစီစဉ်သူ)
Another Alternative

အဲဒီပွဲတော်မှာ တေးဂီတအဖွဲ့တွေအပြင်၊ DJ တွေ၊ မှတ်တမ်းဗီဒီယိုတွေ၊ Parforment Art တွေနဲ့ ကဗျာရွတ်ဆိုတာ တွေလည်း ပါဝင်မှာဖြစ်ပြီး Yangon International မှာ မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီကနေ ၁၀ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Soundbite; ကိုနိုင်ဦး (တာဝန်ခံ)
SYNERGY

ဒီပွဲတော်ကို လူငယ်အချင်းချင်းကြားထဲမှာ ငြိမ်းချမ်းမှုတွေ၊ မတူကွဲပြားမှုတွေကို လက်ခံရင်းနဲ့ လူသားဆန်မှုတွေ၊ လူသားဖြစ်တည်မှုကို အလေးထားတဲ့ အလေ့အကျင့်တွေ တိုးပွားလာစေဖို့ ပြုလုပ်သွားမှာဖြစ်ပြီး လူငယ်တွေ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်တယ်လို့လည်း စီစဉ်သူတွေက ပြောပါတယ်ရှင်။