အလုပ္႐ွင္၊အလုပ္သမား အျငင္းပြားမႈေတြကို ညႇိႏိႈင္းေျဖ႐ွင္းဖို႔တိုက္တြန္း

0
151

အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈေတြကို ညိႇႏိႈင္းေျဖရွင္းတ့ဲ နည္းလမ္းကိုအသုံးျပဳ အေျဖရွာဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္သံအမတ္ႀကီးက တိုက္တြန္းလိုက္ပါတယ္။ ဒီသတင္းကို MCN  သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားတာပါ။

ဖင္လန္ႏုိင္ငံမွာ အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈေတြကို အၿမဲညိႇႏိႈင္းေျဖရွင္းေနရၿပီး အ့ဲဒီလိုေျဖရွင္းရာမွာ ညိႇႏိႈင္းေျဖရွင္းေဆာင္ရြက္မႈနဲ႔ အဆင္ေျပတာေတြရွိလို႔ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတ့ဲ အျငင္းပြားမႈေတြကို ညိႇႏိႈင္းေျဖရွင္းတ့ဲနည္းလမ္းကို အသုံးျပဳဖို႔  ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္သံအမတ္ႀကီးက ေျပာပါတယ္။

ေမလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၀ါးတစ္ရာစက္မႈဇုန္မွာရွိတ့ဲ Htoo Group Co.,Ltd သစ္အေျခခံ စက္မႈကုန္ထုတ္ စက္႐ုံကို ဖင္လန္ႏိုင္ငံ သံအမတ္ႀကီး သြားေရာက္ေလ့လာစဥ္ ေျပာဆိုခ့ဲတာပါ။

Soundbite- H.E. Ms. Riikka Laatu (Ambassador)

Embassy of Finland (Myanmar)

‘အလုပ္ရွင္နဲ႕အလုပ္သမားၾကားမွာ အၿမဲတမ္းအျငင္းပြားမႈဆိုတာျဖစ္ေနတာပဲ။ အၿမဲတမ္းဒါေတြကညိႇေနရမွာပါ။ ဖင္လန္မွာဆိုအၿမဲတမ္းညိႇတယ္။တစ္ႏွစ္တစ္ခါညိႇတယ္။ အေၾကာင္းအရာေပၚမူတည္ၿပီးညိႇတာရွိတယ္။ ျမန္မာႏုိင္ငံမွာလည္း ညိႇႏိႈင္းမႈနဲ႕အေျဖရွာသြားဖို႔ဆိုတာကို အားေပးခ်င္ပါတယ္။”

ဒါ့အျပင္  ျမန္မာႏိုင္ငံက တစ္ခ်ိဳ႕႔ စက္႐ုံေတြမွာ အလုပ္ရွင္ အလုပ္သမား ကိစၥေတြကို သမဂၢေတြကေန ေျဖရွင္းတာေတြ႕ရၿပီး ဒီလို အလုပ္သမားသမဂၢေတြကေန အလုပ္ရွင္အလုပ္သမား အျငင္းပြားကိစၥေတြ ေျဖရွင္းႏိုင္ဖို႔ အမ်ားႀကီးတိုးတက္ဖို႔ လိုအပ္တယ္လို႔လည္း သုံးသပ္ေျပာပါတယ္။

Soundbite- H.E. Ms. Riikka Laatu (Ambassador)

Embassy of Finland (Myanmar)

“ျမန္မာႏိုင္ငံမွာက အလုပ္သမားသမဂၢေတြ စျဖစ္လာတ့ဲအေၾကာင္းအရာျဖစ္တယ္။ သို႔ေသာ္လည္း ဖင္လန္ႏုိင္ငံမွာေတာ့ အလုပ္သမားတိုင္းက အလုပ္သမားသမဂၢ၀င္ေတြျဖစ္တယ္။ကၽြန္မကိုယ္တိုင္လည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာရွိတ့ဲ သမဂၢအဖြဲ႔၀င္ျဖစ္တယ္။ ျမန္မာႏိုင္ငံမွာ တစ္ခ်ိဳ႔ေသာစက္႐ုံေတြက အလုပ္ရွင္အလုပ္သမားကိစၥေတြမွာ သမဂၢကေနေျဖရွင္းႏိုင္တာေတြကတာ အားရစရာေကာင္းပါတယ္။ ဒါေပမယ့္ အမ်ားႀကီးတိုးတက္ဖို႔ လိုအပ္ေနပါေသးတယ္။ဒီကေန႔ လုပ္ငန္းနယ္ပယ္မတူတ့ဲ စက္႐ုံအမ်ိဳးအစားမတူတာေတြကေနေတြ႔ထားတယ္။ မတူတ့ဲ လုပ္ငန္းနယ္ပယ္က စက္႐ုံေတြမွာက ဘာပဲျဖစ္ျဖစ္ သမဂၢေတြရွိေနတယ္။ အလုပ္ရွင္အလုပ္သမားေဆြးေႏြးလို႔ရေနတာေတြ႔ကလို႔ အားရပါတယ္။”ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္သံအမတ္ႀကီးက CTUM အပါအ၀င္ အျပည္ျပည္ဆိုင္ရာ အလုပ္သမား အသင္းအဖြဲ႕႔ေတြနဲ႕ အစိုးရတာဝန္ရွိသူေတြနဲ႔ အတူ   လိႈင္သာယာနဲ႔ ေရႊျပည္သာစက္မႈဇုန္ေတြက လုပ္ငန္းအမ်ိဳးအစားမတူတ့ဲ စက္ရံု (၃) ႐ုံက အလုပ္ရွင္ေတြ၊ အလုပ္သမားသမဂၢအဖြဲ႕၀င္ေတြနဲ႔ ေတြ႕ဆံုၿပီး စက္မႈလုပ္ငန္းခြင္ ဆက္ဆံေရးကိစၥရပ္ေတြနဲ႔ အလုပ္သမားလႈပ္ရွားမႈဆုိ္္င္ရာ စိန္ေခၚမႈ စတာေတြကို ေဆြးေႏြးခ့ဲပါတယ္ ခင္ဗ်ာ။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကိုအသုံးပြု အဖြေရှာဖို့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားတာပါ။

ဖင်လန်နိုင်ငံမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုတွေကို အမြဲညှိနှိုင်းဖြေရှင်းနေရပြီး အဲ့ဒီလိုဖြေရှင်းရာမှာ ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုနဲ့ အဆင်ပြေတာတွေရှိလို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးက ပြောပါတယ်။

မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ Htoo Group Co.,Ltd သစ်အခြေခံ စက်မှုကုန်ထုတ် စက်ရုံကို ဖင်လန်နိုင်ငံ သံအမတ်ကြီး သွားရောက်လေ့လာစဉ် ပြောဆိုခဲ့တာပါ။

Soundbite- H.E. Ms. Riikka Laatu (Ambassador)
Embassy of Finland (Myanmar)

‘အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ အမြဲတမ်းအငြင်းပွားမှုဆိုတာဖြစ်နေတာပဲ။ အမြဲတမ်းဒါတွေကညှိနေရမှာပါ။ ဖင်လန်မှာဆိုအမြဲတမ်းညှိတယ်။တစ်နှစ်တစ်ခါညှိတယ်။ အကြောင်းအရာပေါ်မူတည်ပြီးညှိတာရှိတယ်။ မြန်မာနိုင်ငံမှာလည်း ညှိနှိုင်းမှုနဲ့အဖြေရှာသွားဖို့ဆိုတာကို အားပေးချင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံက တစ်ချို့ စက်ရုံတွေမှာ အလုပ်ရှင် အလုပ်သမား ကိစ္စတွေကို သမဂ္ဂတွေကနေ ဖြေရှင်းတာတွေ့ရပြီး ဒီလို အလုပ်သမားသမဂ္ဂတွေကနေ အလုပ်ရှင်အလုပ်သမား အငြင်းပွားကိစ္စတွေ ဖြေရှင်းနိုင်ဖို့ အများကြီးတိုးတက်ဖို့ လိုအပ်တယ်လို့လည်း သုံးသပ်ပြောပါတယ်။

Soundbite- H.E. Ms. Riikka Laatu (Ambassador)
Embassy of Finland (Myanmar)

“မြန်မာနိုင်ငံမှာက အလုပ်သမားသမဂ္ဂတွေ စဖြစ်လာတဲ့အကြောင်းအရာဖြစ်တယ်။ သို့သော်လည်း ဖင်လန်နိုင်ငံမှာတော့ အလုပ်သမားတိုင်းက အလုပ်သမားသမဂ္ဂဝင်တွေဖြစ်တယ်။ကျွန်မကိုယ်တိုင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာရှိတဲ့ သမဂ္ဂအဖွဲ့ဝင်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တစ်ချို့သောစက်ရုံတွေက အလုပ်ရှင်အလုပ်သမားကိစ္စတွေမှာ သမဂ္ဂကနေဖြေရှင်းနိုင်တာတွေကတာ အားရစရာကောင်းပါတယ်။ ဒါပေမယ့် အများကြီးတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ဒီကနေ့ လုပ်ငန်းနယ်ပယ်မတူတဲ့ စက်ရုံအမျိုးအစားမတူတာတွေကနေတွေ့ထားတယ်။ မတူတဲ့ လုပ်ငန်းနယ်ပယ်က စက်ရုံတွေမှာက ဘာပဲဖြစ်ဖြစ် သမဂ္ဂတွေရှိနေတယ်။ အလုပ်ရှင်အလုပ်သမားဆွေးနွေးလို့ရနေတာတွေ့ကလို့ အားရပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးက CTUM အပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အသင်းအဖွဲ့တွေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ အတူ လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေက လုပ်ငန်းအမျိုးအစားမတူတဲ့ စက်ရုံ (၃) ရုံက အလုပ်ရှင်တွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး စက်မှုလုပ်ငန်းခွင် ဆက်ဆံရေးကိစ္စရပ်တွေနဲ့ အလုပ်သမားလှုပ်ရှားမှုဆိ်ုင်ရာ စိန်ခေါ်မှု စတာတွေကို ဆွေးနွေးခဲ့ပါတယ် ခင်ဗျာ။