ပန္းခ်ီကားေရာင္းရေငြေတြကို စစ္ေဘးေရွာင္ဒုကၡသည္ေတြကို လွဴဒါန္းမယ့္ Strokes Of Peace

0
188

ပန္းခ်ီကား ၃၀၀ နီးပါးရဲ႕ ေရာင္းရေငြေတြကို ရခိုင္ျပည္နယ္က စစ္ေဘးေရွာင္ ဒုကၡသည္ေတြအတြက္ လွဴဒါန္းသြားမယ္လို႔ Strokes Of Peace ကုသိုလ္ျဖစ္ ပန္းခ်ီအေရာင္းျပပြဲ ျဖစ္ေျမာက္ေရး ေကာ္မတီ ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးကေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ပြဲေတြေၾကာင့္ ေဒသခံျပည္သူေတြ၊ စစ္ေဘးေရွာင္ျပည္သူေတြကို စာနာေထာက္ထားတာေၾကာင့္ ကိုယ္တတ္ကၽြမ္းတဲ့ အႏုပညာနဲ႔ ဖန္တီးထားတဲ့ ပန္းခ်ီကားေတြကို ေရာင္းခ်လွဴဒါန္းသြားမယ္လို႔ Strokes Of Peace ကုသိုလ္ျဖစ္ ပန္းခ်ီအေရာင္းျပပြဲ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ပန္းခ်ီဆရာ ၂၀၀ ေက်ာ္ရဲ႕ ပန္းခ်ီကား ၃၀၀ နီးပါးကို Strokes Of Peace အမည္နဲ႔ ေမလ ၂၀ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕၊ ကန္ေတာ္ႀကီး၊ ကရ၀ိတ္ကြ်န္းမွာရွိတဲ့ မဟာစ်ာန္ပန္းခ်ီျပခန္းမွာ ျပသေနတာပါ။

Soundbite ;ပန္းခ်ီနီပိုဦး (ဥကၠဌ)

ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီ

ဒီျပပြဲမွာ ရခိုင္ေဒသရဲ႕ လွပတဲ့ပံုရိပ္ေတြနဲ႔ လူေနမႈဘ၀ေတြကို ေဖာ္က်ဴးထားတဲ့ ပန္းခ်ီကားေတြအျပင္ ျမန္မာ့ေရ၊ေျမေတာေတာင္၊ ယဥ္ေက်းမႈနဲ႔ တိုင္းရင္းသားေတြရဲ႕ ပံုရိပ္ေတြကို ေရးဖြဲ႕ထားတဲ့ ပန္းခ်ီကားေတြလည္း ျပသထားပါတယ္။

Soundbite ;ကိုမင္းစံရွား (ေမာ္လၿမိဳင္ပန္းခ်ီဆရာ)

အဲဒီျပပြဲမွာ ေရေဆး၊ ဆီေဆး၊ အခ႐ိုင္လစ္၊ မွင္ စတာေတြနဲ႔ ေရးဆြဲထားတဲ့ ပန္းခ်ီကားေတြ ပါ၀င္ၿပီး တန္ဖိုးေငြကေတာ့ က်ပ္ ၅ ေသာင္းကေနက်ပ္ ၁၀ သိန္းအထိရွိတယ္လို႔လည္းေျပာပါတယ္။

ဒါ့အျပင္ ပါ၀င္ျပသခဲ့တဲ့ပန္းခ်ီ ဆရာေတြကေတာ့  ရန္ကုန္၊ မႏၱေလး၊ ပုဂံ၊ ေမၿမိဳ႕၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္၊ ဘားအံ စတဲ့ ၿမိဳ႕ေတြက ပန္းခ်ီဆရာ ၂၀၀ ေက်ာ္ရဲ႕ လက္ရာေတြျဖစ္ၿပီး အလွဴဒါနျပဳခ်င္တဲ့စိတ္ဆႏၵေတြ စုစည္းထားတဲ့အဖြဲ႕အေနနဲ႔ လွဴဒါန္း သြားမွာျဖစ္တယ္လို႔လည္း ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီကေျပာပါတယ္ရွင္။

ပန်းချီကားရောင်းရငွေတွေကို စစ်ဘေးရှောင်ဒုက္ခသည်တွေကို လှူဒါန်းမယ့် Strokes Of Peace


ပန်းချီကား ၃၀ဝ နီးပါးရဲ့ ရောင်းရငွေတွေကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ Strokes Of Peace ကုသိုလ်ဖြစ် ပန်းချီအရောင်းပြပွဲ ဖြစ်မြောက်ရေး ကော်မတီ ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးကပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေကို စာနာထောက်ထားတာကြောင့် ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖန်တီးထားတဲ့ ပန်းချီကားတွေကို ရောင်းချလှူဒါန်းသွားမယ်လို့ Strokes Of Peace ကုသိုလ်ဖြစ် ပန်းချီအရောင်းပြပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။


ပန်းချီဆရာ ၂၀ဝ ကျော်ရဲ့ ပန်းချီကား ၃၀ဝ နီးပါးကို Strokes Of Peace အမည်နဲ့ မေလ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့၊ ကန်တော်ကြီး၊ ကရဝိတ်ကျွန်းမှာရှိတဲ့ မဟာဈာန်ပန်းချီပြခန်းမှာ ပြသနေတာပါ။


Soundbite ;ပန်းချီနီပိုဦး (ဥက္ကဌ)
ပြပွဲဖြစ်မြောက်ရေးကော်မတီ


ဒီပြပွဲမှာ ရခိုင်ဒေသရဲ့ လှပတဲ့ပုံရိပ်တွေနဲ့ လူနေမှုဘဝတွေကို ဖော်ကျူးထားတဲ့ ပန်းချီကားတွေအပြင် မြန်မာ့ရေ၊မြေတောတောင်၊ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ ပုံရိပ်တွေကို ရေးဖွဲ့ထားတဲ့ ပန်းချီကားတွေလည်း ပြသထားပါတယ်။


Soundbite ;ကိုမင်းစံရှား (မော်လမြိုင်ပန်းချီဆရာ)


အဲဒီပြပွဲမှာ ရေဆေး၊ ဆီဆေး၊ အခရိုင်လစ်၊ မှင် စတာတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေ ပါဝင်ပြီး တန်ဖိုးငွေကတော့ ကျပ် ၅ သောင်းကနေကျပ် ၁၀ သိန်းအထိရှိတယ်လို့လည်းပြောပါတယ်။


ဒါ့အပြင် ပါဝင်ပြသခဲ့တဲ့ပန်းချီ ဆရာတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ စတဲ့ မြို့တွေက ပန်းချီဆရာ ၂၀ဝ ကျော်ရဲ့ လက်ရာတွေဖြစ်ပြီး အလှူဒါနပြုချင်တဲ့စိတ်ဆန္ဒတွေ စုစည်းထားတဲ့အဖွဲ့အနေနဲ့ လှူဒါန်း သွားမှာဖြစ်တယ်လို့လည်း ပြပွဲဖြစ်မြောက်ရေးကော်မတီကပြောပါတယ်ရှင်