ရင္ခြင္မဲ့ကေလးေတြ ေလ်ာ့ခ်ဖို႕ လူငယ္ေတြၾကား အသိပညာေပးဖို႔လိုအပ္ေန

0
124

ရင္ခြင္မဲ့ ကေလးေတြ ေလ်ာ့က်ႏိုင္ဖို႔အတြက္ လူငယ္ေတြၾကား အသိပညာေပးမႈေတြ မ်ားစြာလိုအပ္ေနတယ္လို႔ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။ ဒီသတင္းကို MCNသတင္းေထာက္ ေသာ္တာတိုးက ေပးပို႔ထားပါတယ္။

ရခြင့္မဲ့ကေလးသူငယ္ေတြ ေလ်ာခ်ႏိုင္ဖို႔အတြက္ “ရင္ခြင္မဲ႔ကေလးငယ္မ်ားေလ်ာ့ခ်ေရးနဲ႔ ကာကြယ္ေစာင့္ေရွာက္ေရးအသင္း” ေတြ႔ဆံု ေဆြးေႏြးပြဲမွာ ရန္ကုန္တုိင္းေဒသႀကီးရဲ႕ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းက အခုလိုေျပာခဲ့တာပါ။

ဒီေတြ႔ဆံုေဆြးေႏြးပြဲကို ေမလ ၁၉ရက္ေန႔က ရန္ကုန္ တကၠသိုလ္ စိန္ရတုခန္းမမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး သက္ဆိုင္ရာ ၀န္ႀကီးဌာနေတြက တာ၀န္ရွိသူေတြ အျပင္ ရန္ကုန္ၿမိဳ႕က ပရဟိတ အဖြဲ႔ ၅၀ေက်ာ္လည္း တက္ေရာက္ခဲ့ပါတယ္။

Soundbite – ဦးနိုင္ငံလင္း (လူမႈေရး၀န္ႀကီး) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ဒါ့အျပင္ ရင္ခြင့္မဲ့ ကေလးသူငယ္ေတြ လမ္းမွားမေရာက္ဖို႔ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ မိခင္သဖြယ္ေစာင္ေရွာက္ေပးမႈေတြကို လူမႈ၀န္ထမ္းကယ္ဆယ္ေရးနဲ႔ ေနရာျပန္လည္ခ်ထားေရး ၀န္ႀကီးဌာနက ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာပါတယ္။

Soundbite – ဦးနိုင္ငံလင္း (လူမႈေရး၀န္ႀကီး) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ရင္ခြင္မဲ႔ကေလးသူငယ္ေတြကို ကေလးသူငယ္ဆိုင္ရာ အေျခခံအခြင့္အေရးေတြ ရရွိေစဖို႕အတြက္ မူ၀ါဒေတြ ဥပေဒ၊ နည္းဥပေဒေတြနဲ႔အညီ ကာကြယ္ေစာင့္ေရွာက္မႈေတြေပးဖို႔ ရင္ခြင္မဲ႔ကေလးငယ္မ်ား ေလ်ာ့ခ်ေရးနဲ႔ ကာကြယ္ေစာင့္ေရွာက္ေရးအသင္းက လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

ရင်ခွင်မဲ့ ကလေးတွေ လျော့ကျနိုင်ဖို့အတွက် လူငယ်တွေကြား အသိပညာပေးမှုတွေ များစွာလိုအပ်နေတယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။


ရခွင့်မဲ့ကလေးသူငယ်တွေ လျောချနိုင်ဖို့အတွက် “ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်း” တွေ့ဆုံ ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အခုလိုပြောခဲ့တာပါ။


ဒီတွေ့ဆုံဆွေးနွေးပွဲကို မေလ ၁၉ရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ အပြင် ရန်ကုန်မြို့က ပရဟိတ အဖွဲ့ ၅၀ကျော်လည်း တက်ရောက်ခဲ့ပါတယ်။


Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


ဒါ့အပြင် ရင်ခွင့်မဲ့ ကလေးသူငယ်တွေ လမ်းမှားမရောက်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ မိခင်သဖွယ်စောင်ရှောက်ပေးမှုတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။


Soundbite – ဦးနိုင်ငံလင်း (လူမှုရေးဝန်ကြီး) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့


ရင်ခွင်မဲ့ကလေးသူငယ်တွေကို ကလေးသူငယ်ဆိုင်ရာ အခြေခံအခွင့်အရေးတွေ ရရှိစေဖို့အတွက် မူဝါဒတွေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကာကွယ်စောင့်ရှောက်မှုတွေပေးဖို့ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ် ခင်ဗျာ။