
0
281




အာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး အားမသန်ဘူးလို့ ဦးမင်းကိုနိုင်ပြော


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က အာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံရေးကို အားမသန်ဘူးလို့ ပြောပါတယ်။


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကို ဘယ်လို နိုင်ငံရေးမျိုး လုပ်နေတာလဲလို့ ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ရွှေတိဂံဒေသ သတင်းလွှာက မေးမြန်းခဲ့တဲ့အပေါ်မှာ ဦးမင်းကိုနိုင်က အခုလို ဖြေကြားခဲ့တာပါ။


လက်ရှိ တိုင်းပြည် ပြန်လည် တည်ဆောက်ရေးမှာ အစိုးရအဖွဲ့၊ လွှတ်တော်ထဲက လုပ်ရတာတစ်ပိုင်း ရှိသလို အရပ်သား ပြည်သူတွေနဲ့တွဲပြီး လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိသေးကြောင်း၊ အာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံရေးမျိုး လုပ်မှာမဟုတ်ဘဲ အာဏာ မရှိပေမယ့် သြဇာညောင်းပြီး အများနဲ့အတူ လက်တွဲရမယ့် အလုပ်တွေမှာတော့ ဆက်လုပ်ဦးမှာလို့ ဦးမင်းကိုနိုင်က ပြောပါတယ်။