
0
138




တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရက အလေးထားတဲ့ အချက်တွေဖြစ်

တရားဥပဒေ စိုးမိုးရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အချက်နှစ်ချက်ဟာ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွက် အလေးထားတဲ့ အချက် နှစ်ချက် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။


မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေကို မိုးရာသီမတိုင်မီ လုံခြုံတဲ့ နေရာတွေမှာ ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့တာပါ။


နိုင်ငံတော် အစိုးရက သာတူညီမျှခံစား ရရှိရေး ဆောင်ရွက်ရာမှာ လိုအပ်ချက်များတဲ့ နေရာတွေကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ဟာ လိုအပ်ချက် များတဲ့အတွက် ဦးစားပေး အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါတယ်။