
0
167




မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တချို့မှာ ပျက်စီးဆုံးမှုတွေရှိ


အခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။


မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ပျက်စီးဆုံးရှုံးတဲ့အထဲမှာ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် လမ်းဘေး မီးတိုင်တွေပါ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။