နည္းပညာကိုစိတ္ဝင္စားတဲ့ လူငယ္ေတြအတြက္ UK အသိအမွတ္ျပဳ ဒီပလိုမာေတြကို သင္ၾကားပို႔ခ်မယ္

0
118

နည္းပညာကိုစိတ္ဝင္စားတဲ့ လူငယ္ေတြအတြက္ UK အသိအမွတ္ျပဳ ဒီပလိုမာေတြကို သင္ၾကားပို႔ခ်မယ္လို႔ MBT မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ သက္ေနာင္စိုးက ေပးပို႔ထားပါတယ္။


နည္းပညာကိုစိတ္ဝင္စားတဲ့ လူငယ္ေတြအတြက္ UK က ဒီပလိုမာျဖစ္တဲ့ Scottish Qualification Authority (SQA) Advanced Diploma သင္တန္းေတြ သင္ၾကားပို႔ခ်မယ္လို႔ Myanmar Institute for Business and Technology (MBT) မွ Managing Director and Founder ျဖစ္သူ ဦးရဲမ်ိဳးသန္႔ကေျပာပါတယ္။


ေမလ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ဟိုတယ္မွာ နည္းပညာနယ္ပယ္ကို စိတ္ဝင္စားတဲ့ လူငယ္ေတြအတြက္ ပညာေရးေဆြးေႏြးပြဲျပဳလုပ္ခဲ့တာပါ။


Sound Bite – ဦးရဲမ်ိဳးသန္႔ (Managing Director and Founder)
Myanmar Institute for Business and Technology (MBT)


ဒါ့အျပင္ ဒီပလိုမာအတြက္ သင္တန္းကာလ ၂ႏွစ္နဲ႔ ၄လ တက္ေရာက္ရမွာျဖစ္ၿပီး ဘြဲ႕ဒီဂရီ ဆက္လက္ရယူလိုပါက MBT မွာပဲ ဆက္လက္တက္ေရာက္ႏိုင္မွာျဖစ္သလို SQA နဲ႔ ခ်ိတ္ဆက္ထားတဲ့ ႏိုင္ငံတကာတကၠသိုလ္ေတြမွာလည္း သြားေရာက္သင္ၾကားႏိုင္မွာလည္းျဖစ္ပါတယ္။


Sound Bite – ဦးရဲမ်ိဳးသန္႔ (Managing Director and Founder)
Myanmar Institute for Business and Technology (MBT)


လူငယ္ေတြအေနနဲ႔ MBT မွာ Advanced Diploma in Computer Science, Advanced Diploma in Computing Networking, Advanced Diploma in Computing Software Development စတဲ့ သင္တန္းေတြ တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္ခင္ဗ်ာ။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် UK အသိအမှတ်ပြု ဒီပလိုမာတွေကို သင်ကြားပို့ချမယ်လို့ MBT မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက ပေးပို့ထားပါတယ်။


နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် UK က ဒီပလိုမာဖြစ်တဲ့ Scottish Qualification Authority (SQA) Advanced Diploma သင်တန်းတွေ သင်ကြားပို့ချမယ်လို့ Myanmar Institute for Business and Technology (MBT) မှ Managing Director and Founder ဖြစ်သူ ဦးရဲမျိုးသန့်ကပြောပါတယ်။


မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပညာရေးဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။


Sound Bite – ဦးရဲမျိုးသန့် (Managing Director and Founder)
Myanmar Institute for Business and Technology (MBT)


ဒါ့အပြင် ဒီပလိုမာအတွက် သင်တန်းကာလ ၂နှစ်နဲ့ ၄လ တက်ရောက်ရမှာဖြစ်ပြီး ဘွဲ့ဒီဂရီ ဆက်လက်ရယူလိုပါက MBT မှာပဲ ဆက်လက်တက်ရောက်နိုင်မှာဖြစ်သလို SQA နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာလည်း သွားရောက်သင်ကြားနိုင်မှာလည်းဖြစ်ပါတယ်။


Sound Bite – ဦးရဲမျိုးသန့် (Managing Director and Founder)
Myanmar Institute for Business and Technology (MBT)


လူငယ်တွေအနေနဲ့ MBT မှာ Advanced Diploma in Computer Science, Advanced Diploma in Computing Networking, Advanced Diploma in Computing Software Development စတဲ့ သင်တန်းတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။