
0
141




ဗီယက်နမ်မှာ ကျင်းပတဲ့ ဝိသာခါ အခမ်အနား နိုင်ငံ ၁၁၂ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်


ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် ဝိသာခါနေ့ အခမ်းအနား ဖွင့်ပွဲကို နိုင်ငံပေါင်း ၁၁၂ က ကိုယ်စားလှယ် ၁၆၅၀ ကျော် တက်ရောက်ခဲ့ပြီး ဗီယက်နမ်က ဂုဏ်သရေရှိ လူကြီးမင်း၊ ရဟန်း၊ သီလရှင်နဲ့ ဗုဒ္ဓဘာသာဝင် ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။


ကုလသမဂ္ဂက ဦးစီးကျင်းပတဲ့ ဝိသာခါနေ့ အခမ်းအနားဖွင့်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟနမ် ခရိုင်မြောက်ပိုင်း၊ ကင်ဘန်ရှိ တန်ချွတ် စေတီမှာ မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တာပါ။


ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် ကျန်ဖု၊ ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌဟောင်း ငုယင် ဗန်အန်နဲ့ ငုယင် ဆင်ဟွန်၊ ဗီယက်နမ် အဖနိုင်ငံတော် ဗဟိုကော်မတီ ဥက္ကဋ္ဌ ထရန် တန်မန်း၊ မြန်မာ သမ္မတ ဦးဝင်းမြင့်၊ အိန္ဒိယ ဒုတိယ သမ္မတ ဗန်ကီယာ နိုင်ဒူး စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။