အလုပ်သမားတွေကို အနိုင်ကျင့်တဲ့အဖွဲ့အစည်းတွေနဲ့ မတွေ့အောင် ကာကွယ်ပေးနေ

0
151




            တို့မျိုးဆက်ကွန်ရက်



            တို့မျိုးဆက်ကွန်ရက်


ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အလုပ်သမားတွေအနေနဲ့ အနိုင်ကျင့်မယ့် လူအဖွဲ့အစည်းတွေနဲ့ မကြုံတွေ့ ရအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပေးနေတယ်လို တို့မျိုးဆက်ကွန်ရက် ကပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။


ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အလုပ်သမားတွေအနေနဲ့ အနိုင်ကျင့်မယ့် လူအဖွဲ့အစည်းတွေနဲ့ မကြုံတွေ့ ရအောင် အလုပ်သမားဥပဒေတွေအကြောင်းနားလည်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပေးနေတယ်လို့ တို့မျိုးဆက်ကွန်ရက်ရဲ့ ဒါရိုက်တာ ကိုနန္ဒစစ်အောင် ကပြောပါတယ်။


Soundbite ကိုနန္ဒစစ်အောင် (ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ရက်


ဒါအပြင် ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေအတွက် ကြိုတင်ကာကွယ် နည်းတွေကို သင်ကြားပေးဖို့ ကျေးရွာတွေကို ဆင်းပြီး ဆောင်ရွက်နေတဲ့အခါမှာ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တခြားရှုထောင့်ကနေ မြင်နေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့လည်းပြော ပါတယ်။


Soundbite ကိုနန္ဒစစ်အောင် (ဒါရိုက်တာ)
တို့မျိုးဆက်ကွန်ရက်


ဒါအပြင် တို့မျိုးဆက်ကွန်ရက် ရုံးက အလုပ်သမားအငြင်းပွားမှုဥပဒေနဲ့ ပတ်သက်လို့ ဆက်လက်ရုန်းကန်မှု တွေပြုလုပ်နေပြီး အလုပ်သမားတွေအတွက် အလုပ်သမားဥပဒေသင်တန်းတွေ၊ တစ်ကိုယ်ရပ်တည်မှု သင်တန်းတွေကိုသင်ကြားပေးနေတာလည်းဖြစ်ပါတယ်လိုပြောပါတယ်ရှင်။


?bph6