လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်တာဟာ လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေကို ပိတ်ဆို့တာဖြစ်

0
127


လူငယ်တွေဟာ တီထွင်နိုင်တဲ့ ဥာဏ်ကွန့်မြူးတာတွေ ခေတ်ကို သရော်တာတွေစတဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှိတာဖြစ်ပြီး အဲ့ဒါတွေရဲ့ အဓိက အချက်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာဟာ အဲ့ဒီတီထွင်နိုင်စွမ်းရှိတာတွေကို ပိတ်ဆို့လိုက်ရာရောက်တယ်လို့ ရန်ကုန်နိုင်ငံရေး သိပံကျောင်းက အမှုဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပြောပါတယ်။








လူငယ်တွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်တာဟာ လူငယ်တွေရဲ့ ဆန်းသစ်တဲ့ တီထွင်နိုင်မှုတွေကို ပိတ်ဆို့တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။


လူငယ်တွေဟာ တီထွင်နိုင်တဲ့ ဉာဏ်ကွန့်မြူးတာတွေ ခေတ်ကို သရော်တာတွေစတဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှိတာဖြစ်ပြီး အဲ့ဒါတွေရဲ့ အဓိက အချက်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာဟာ အဲ့ဒီတီထွင်နိုင်စွမ်းရှိတာတွေကို ပိတ်ဆို့လိုက်ရာရောက်တယ်လို့ ရန်ကုန်နိုင်ငံရေး သိပံကျောင်းက အမှုဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပြောပါတယ်။
မေလ ၁၆ ရက်နေ့က ရန်ကုန်နိုင်ငံရေးသိပံကျောင်းမှာ “Democracy talk ” အစီအစဉ်ရဲ့ “Democracy and Rule of Law” ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့တာပါ။


Soundbite- ဦးမြတ်ကိုကို (အမှုဆောင်ဒါရိုက်တာ)
ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်း


ဒီလိုလုပ်ဆောင်နိုင်ဖို့ တာဝန်ရှိတဲ့သူတွေကနေ လူငယ်တွေ အပေါ်မှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပြီး လူငယ်တွေ အတွေးအခေါ်ကို ဖွင့်ပေးနိုင်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာ အတွေးအမြင်ဖလှယ်တာတွေကို လုပ်ဆောင်ပေးပါက လူငယ်တွေဟာ ဘက်ပေါင်းစုံကနေ ပါဝင်လာနိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ်။


Soundbite- ဦးမြတ်ကိုကို (အမှုဆောင်ဒါရိုက်တာ)
ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်း


ဒီကနေ့ခေတ်လူငယ်တွေဟာ ကဏ္ဍအသီးသီးမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုမို လုပ်ဆောင်နိုင်အောင် ကြိုးပမ်း လုပ်ဆောင်တဲ့အခါ လူငယ်တွေရဲ့ လွတ်လပ်ခွင့်တွေ နဲ့ ရပိုင်ခွင့်တွေကို ရရှိအောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း လူငယ်အဖွဲ့အစည်းတွေကပြောပါတယ် ခင်ဗျာ။


?bph6