မစ္စအာရ်ဆူလာမြူလာကို တားဆီးတာဟာ ဒုက္ခသည်တွေရဲ့ အခက်ခဲတွေ ဖုံးကွယ်တာဖြစ်

0
149










မစ္စအာရ်ဆူလာမြူလာကို ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခွင့်တားဆီးတာဟာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ဖုံးကွယ်ထားတာဖြစ်တယ်လို့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။


ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာကို လုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး စစ်ဘေးရှောင်စခန်းတွေကို သွားရောက်လေ့လာခွင့် ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။


မစ္စအာရ်ဆူလာမြူလာကို အခုလိုမျိုး စစ်ဘေးရှောင်ဒုက္ခသည်တွေနေထိုင်တဲ့ စခန်းတွေကိုသွားရောက်လေ့လာခွင့် ပိတ်ပင်တားဆီးခဲ့တာဟာ ဒုက္ခသည်တွေရဲ့အခက်အခဲတွေကို ဖုံးကွယ်ထားတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြတာပါ။


အင်တာဗျူး – ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်)
ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း


အဲ့ဒီလို မြေပြင်သတင်းတွေကို ဖုံးဖိထားရုံနဲ့ပြီးမြောက်သွားမှာမဟုတ်သလို ဒီသတင်းအချက်အလက်တွေဟာ နည်းမျိုးစုံနဲ့သိရှိနေရတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ မစ္စအာရ်ဆူလာမြူလာကို သွားရောက်ခွင့်မပေးတာဟာ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေကို ပိတ်ဆို့ထားတာနဲ့တူနေတယ်လို့ ပြောပါတယ်။


အင်တာဗျူး – ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်)
ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း


ဒါ့အပြင် ဒုက္ခသည် ၃ သောင်းကျော်အတွက် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာစွာချပြခြင်း မရှိသေးတဲ့အတွက် လပိုင်းအတွင်းမှာ အဲ့ဒီလူတွေကို ပြန်လည်နေရာချထားမှုတွေ ပြုလုပ်နိုင်မယ်ဆိုတာဟာ လက်ခံနိုင်တဲ့အခြေအနေမရှိကြေင်းနဲ့ နိုင်ငံတကာကို နားထောင်ကောင်းအောင်ပြောဆိုနေတာဖြစ်တယ်လို့ ဦးခိုင်ကောင်းစံက သုံးသပ်ပြောကြားခဲ့ပါတယ် ခင်ဗျား။