
0
285




မဲခေါင်ဒေသ နယ်စပ်တလျှောက် မြို့ ၁၂ မြို့မှာ ကျန်းမာရေး စီမံကိန်း ဖော်ဆောင်မယ်


ပဋိဇီဝဆေး ယဉ်ပါးမှု (AMR) ဆိုင်ရာ ကျန်းမာရေး စီမံကိန်းကို မဲခေါင်ဒေသ နယ်စပ် တလျှောက်ရှိ မြန်မာ မြို့ ၁၂ မြို့မှာ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့နဲ့ နီးစပ်တဲ့၊ ထိစပ်နေတဲ့ မြန်မာနိုင်ငံ နယ်စပ်က မြို့ ၁၂ မြို့မှာ လုပ်ဆောင်မှာပါ။

ဒီ AMR ထိန်းချုပ်ရေး စီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်း ချေးပေးမှာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရွှေ့ပြောင်းလုပ်သားတွေ၊ တိုင်းရင်းသား လူနည်းစုတွေကြား ပဋိဇီဝဆေး ယဉ်းပါးမှု ပျံ့နှံ့နေတာကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။


မြန်မာ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကူစက်ရောဂါ ဖြစ်ပွားမှု လျှော့ချရေး၊ တားဆီးဖို့ နည်းလမ်းတွေ အသိပညာပေးရေး၊ ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင်ရေးနဲ့ သံသယရှိတဲ့ လူနာတွေကို ပြုစုကုသရေးတို့ လုပ်ဆောင်နေပါတယ်။