ျမန္မာနို္င္ငံမွာ နွလုံးေရာဂါနဲ႔ ႏွလုံးေသြးေၾကာေရာဂါ ျဖစ္ပြားမႈ မ်ားျပားေန

0
213

ျမန္မာနိုင္ငံမွာ ႏွလုံးေရာဂါနဲ႔ ႏွလုံးေသြးေၾကာေရာဂါ ျဖစ္ပြားမႈ မ်ားျပားေနတာေၾကာင့္ ျပည္သူလူထုအတြင္း အဲဒီေရာဂါေတြ မျဖစ္ပြားေစဖို႔ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္ေတြကုိ အမ်ဳိးသားအဆင့္ လုပ္ငန္းအျဖစ္ အထူးဦးစားေပး သတ္မွတ္ၿပီး  အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး ကေျပာၾကားလိုက္ပါတယ္ ။

ေမလ ၁၅ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္သူ႕ေဆး႐ုံႀကီးမွာျပဳလုပ္တဲ့ “မွန္ေျပာင္းအသုံးျပဳ ခြဲစိတ္ကုသမႈ ပညာရပ္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ျခင္း” ဖြင့္ပြဲအခမ္းအနားမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

ေသြးတိုးေရာဂါနဲ႔  ဆီးခ်ိဳေရာဂါေတြရဲ႕ ေနာက္ဆက္တြဲ အေနနဲ႔ ႏွလုံးေရာဂါ၊  ႏွလုံးေသြးေၾကာေရာဂါ ေတြ ျဖစ္ပြားႏိုင္ၿပီး အဲဒီေရာဂါေတြ  ျဖစ္ပြားခံစားရသူေတြဟာ ဘဝေနထိုင္မႈ အရည္အေသြး က်ဆင္းျခင္း၊ ပုံမွန္အလုပ္ မလုပ္ႏိုင္တာေၾကာင့္  ဝင္ေငြေလ်ာ့နည္း ျခင္းနဲ႔ သက္တမ္းမေစ့မီ ေသဆုံးျခင္းတို႔ ျဖစ္ပြားနုိင္တာ ျဖစ္ပါတယ္။

မန်မာနိ်ုင်ငံမှာ နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု များပြားနေ


မြန်မာနိုင်ငံမှာ နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှု များပြားနေတာကြောင့် ပြည်သူလူထုအတွင်း အဲဒီရောဂါတွေ မဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အမျိုးသားအဆင့် လုပ်ငန်းအဖြစ် အထူးဦးစားပေး သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားလိုက်ပါတယ် ။

မေလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီးမှာပြုလုပ်တဲ့ “မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှု ပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း” ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါ တွေ ဖြစ်ပွားနိုင်ပြီး အဲဒီရောဂါတွေ ဖြစ်ပွားခံစားရသူတွေဟာ ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်း၊ ပုံမှန်အလုပ် မလုပ်နိုင်တာကြောင့် ဝင်ငွေလျော့နည်း ခြင်းနဲ့ သက်တမ်းမစေ့မီ သေဆုံးခြင်းတို့ ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။