ကုလ အခ်က္အလက္ရွာေဖြေရး အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ စြပ္စြဲမႈေတြလို႔ တပ္မေတာ္တံု႔ျပန္

0
560

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ စြပ္စြဲခ်က္ေတြသာ ျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႔ တာဝန္ခံ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေမလ ၁၄ ရက္ေန႔က ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖြဲ႔က ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့ရာမွာ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ျမန္မာ့တပ္မေတာ္နဲ႔ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္ေတြမွာ မပတ္သက္ၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

ထုတ္ျပန္ခ်က္ဟာ တပ္မေတာ္အေပၚ ဂုဏ္သိကၡာပိုင္းအရ ထိခုိက္မႈရွိေၾကာင္း၊ ဘ႑ာေရး အကူအညီနဲ႔ ပတ္သက္လို႔  တပ္မေတာ္က မိမိကုိယ္ေပၚ ရပ္ႏုိင္ေရး၊ မိမိေျခေထာက္အေပၚ ရပ္တည္ႏုိင္ေရး ေဆာင္ရြက္ထားၿပီး ျဖစ္တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက တံု႔ျပန္ေျပာဆိုခဲ့ပါတယ္။

ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေဟာ စွပ်စွဲမှုတွေလို့ တပ်မတော်တုံ့ပြန်

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေဟာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မေလ ၁၄ ရက်နေ့က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မပတ်သက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ထုတ်ပြန်ချက်ဟာ တပ်မတော်အပေါ် ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်မှုရှိကြောင်း၊ ဘဏ္ဍာရေး အကူအညီနဲ့ ပတ်သက်လို့ တပ်မတော်က မိမိကိုယ်ပေါ် ရပ်နိုင်ရေး၊ မိမိခြေထောက်အပေါ် ရပ်တည်နိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။