ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ျပည္သူေတြဘက္က ရပ္တည္သင့္

0
184

ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ျပည္သူေတြဘက္က အမွန္တရားအတုိင္း ရဲရဲဝံ့ဝံံ့ရပ္တည္သင့္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP က ေျပာပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ရခို္င္ျပည္နယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေတြမွာ အျပစ္မဲ့အရပ္သားေတြ ထိခိုက္ေသဆံုးေနၾကရၿပီး အဲ့ဒီအေပၚမွာ ျမန္မာႏုိင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ တစ္စံုတရာေျပာဆိုျခင္းမရွိဘဲ ႏႈတ္ဆိတ္ေနတယ္လို႔ ရခုိင္အမ်ိဳးသားပါတီ ANP ကေျပာပါတယ္။

ဒါ့အျပင္ ေကာ္မရွင္အေနနဲ႔ ျပည္သူေတြရသင့္ရထိုက္တဲ့ အခြင့္အေရးေတြကို ရရွိလာေအာင္ေဆာင္ရြက္ေပးဖုိ႔နဲ႔ ျပည္သူေတြကို အကာအကြယ္ေပးဖုိ႔ ဖြဲ႔စည္းထားတာျဖစ္တာေၾကာင့္ ႔ ျပည္သူေတြဘက္က အမွန္တရားအတုိင္း ရဲရဲဝံ့ဝံ့ရပ္တည္သင့္တယ္လို႔လည္း ေျပာပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အေထြေထြအတြင္းေရးမွဴး)

     ရခိင္အမ်ိဳးသားပါတီ (ANP)

ဒါ့အျပင္ ေက်ာက္တန္းရြာျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က ပစ္ခတ္ခဲ့ရတာဟာ စစ္ေဆးခံေနရတဲ့လူအုပ္စုက ညာသံေပးၿပီး ေသနတ္လုတယ္ဆိုတဲ့ တပ္မေတာ္ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ေကာ္မရွင္က ၂/၂၀၁၉ ေၾကညာခ်က္ကို အခုရပ္ပိုင္းအတြင္းက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

အင္တာဗ်ဴး – ဦးခိုင္ေကာင္းစံ (ဒါရိုက္တာအဖြဲ႔ဝင္)

     ဝံလက္ ေဒသဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း

ေကာ္မရွင္အေနနဲ႔ တပ္္မေတာ္ဘက္က ေျပာဆိုတာေတြကိုလည္းနားေထာင္သင့္သလို ခံစားေနၾကရတဲ့ ျပည္သူေတြဘက္ကေျပာဆိုတာေတြကိုလည္း ကြင္းဆင္းေလ့လာၿပီးေတာ့ ျပည္သူတြအတြက္ လူ႔အခြင့္အေရး အာမခံခ်က္တစ္ခုရရွိလာေအာင္ ျပဳလုပ္ေပးသင့္တယ္လို႔ ဦးထြန္းေအာင္ေက်ာ္က ေထာက္ျပခဲ့ပါတယ္။

အင္တာဗ်ဴး – ဦးထြန္းေအာင္ေက်ာ္ (အေထြေထြအတြင္းေရးမွဴး)

     ရခိင္အမ်ိဳးသားပါတီ (ANP)

လက္ရွိမွာေတာ့ ရခုိင္ျပည္နယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေတြေၾကာင့္ စစ္ပြဲေတြအတြင္းမွာ ေသဆံုးသူေတြ၊ ဖမ္းဆီးစစ္ေဆးခံရၿပီးေသဆံုးသူေတြ၊ ပစ္ခတ္ခံရတဲ့အတြက္ေသဆံုးသူေတြအျပင္ မိုင္းနဲ႔ လက္နက္ႀကီးက်ည္ေတြ ေပါက္ကြဲမႈေၾကာင့္ ေသဆံုးသြားသူအေရအတြက္ဟာ ၅၀ နီးပါးရွိေနၿပီး ဒဏ္ရာရရွိသူအေရအတြက္ဟာ ၇၀ ေက်ာ္ထိရွိေနၿပီလို႔ ဝံလက္ေဒသဖြံၿဖိဳးေရးေဖာင္ေဒးရွင္းက ေျပာပါတယ္ ခင္ဗ်ား။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြည်သူတွေဘက်က အမှန်တရားအတိုင်း ရဲရဲဝံ့ဝံ့ရပ်တည်သင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ပြောပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ရခိ်ုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးနေကြရပြီး အဲ့ဒီအပေါ်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တစ်စုံတရာပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ကပြောပါတယ်။

ဒါ့အပြင် ကော်မရှင်အနေနဲ့ ပြည်သူတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိလာအောင်ဆောင်ရွက်ပေးဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ့ ပြည်သူတွေဘက်က အမှန်တရားအတိုင်း ရဲရဲဝံ့ဝံ့ရပ်တည်သင့်တယ်လို့လည်း ပြောပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး)

     ရခိင်အမျိုးသားပါတီ (ANP)

ဒါ့အပြင် ကျောက်တန်းရွာဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ပစ်ခတ်ခဲ့ရတာဟာ စစ်ဆေးခံနေရတဲ့လူအုပ်စုက ညာသံပေးပြီး သေနတ်လုတယ်ဆိုတဲ့ တပ်မတော်ထုတ်ပြန်ချက်ကို ကိုးကားပြီး ကော်မရှင်က ၂/၂၀၁၉ ကြေညာချက်ကို အခုရပ်ပိုင်းအတွင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အင်တာဗျူး – ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်)

     ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

ကော်မရှင်အနေနဲ့ တပ်မတော်ဘက်က ပြောဆိုတာတွေကိုလည်းနားထောင်သင့်သလို ခံစားနေကြရတဲ့ ပြည်သူတွေဘက်ကပြောဆိုတာတွေကိုလည်း ကွင်းဆင်းလေ့လာပြီးတော့ ပြည်သူတွအတွက် လူ့အခွင့်အရေး အာမခံချက်တစ်ခုရရှိလာအောင် ပြုလုပ်ပေးသင့်တယ်လို့ ဦးထွန်းအောင်ကျော်က ထောက်ပြခဲ့ပါတယ်။

အင်တာဗျူး – ဦးထွန်းအောင်ကျော် (အထွေထွေအတွင်းရေးမှူး)

     ရခိင်အမျိုးသားပါတီ (ANP)

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ပွဲတွေအတွင်းမှာ သေဆုံးသူတွေ၊ ဖမ်းဆီးစစ်ဆေးခံရပြီးသေဆုံးသူတွေ၊ ပစ်ခတ်ခံရတဲ့အတွက်သေဆုံးသူတွေအပြင် မိုင်းနဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူအရေအတွက်ဟာ ၅၀ နီးပါးရှိနေပြီး ဒဏ်ရာရရှိသူအရေအတွက်ဟာ ၇၀ ကျော်ထိရှိနေပြီလို့ ဝံလက်ဒေသဖွံဖြိုးရေးဖောင်ဒေးရှင်းက ပြောပါတယ် ခင်ဗျား။

?bph6