အလုပ္ျဖဳတ္တဲ့ အမႈအားလံုးရဲ႕ ၉၅ ရာခိုင္ႏႈန္းဟာ အလုပ္သမားသမဂၢဖြဲ႕စည္းလို႔ ျဖစ္

0
125

အလုပ္သမားတရားရံုး မရွိတာေၾကာင့္ အလုပ္ရွင္ဘက္က အလုပ္ျဖဳတ္တဲ့ အမႈအားလံုးရဲ႕ ၉၅ ရာခိုင္ႏႈန္းဟာ အလုပ္သမားသမဂၢဖြဲ႕စည္းလို႔ အလုပ္ျဖဳတ္ခံရတဲ့အမႈေတြျဖစ္တယ္လို႔ ျမန္မာႏိုင္ငံစက္မႈ လက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (MICS)ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌး ကေပးပို႔ထားပါတယ္။

အလုပ္သမားသမဂၢဖြဲ႕စည္းမႈေၾကာင့္ ၂၀၁၅ ခုႏွစ္မွာ အလုပ္ျဖဳတ္ခံရတဲ့အမႈ ၇၅ ရာခိုင္ႏႈန္းရွိၿပီး  ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာေတာ့ ၉၅ ရာခိုင္ႏႈန္းအထိ ရွိခဲ့တယ္လို႔ အလုပ္သမားအေရး လိုက္ပါေဆာင္ရြက္သူေတြ ကေျပာပါတယ္။

ဒါ့အျပင္ အလုပ္သမားသမဂၢဖြဲ႕စည္းမႈေၾကာင့္ အလုပ္ျဖဳတ္ခံရတဲ့အမႈေတြကို အရပ္ဖက္တရားရံုးကို လႊဲအပ္တာခံေနရတာေၾကာင့္ အလုပ္သမားတရားရံုးေတြ အျမန္ဆံုးေပၚေပါက္ဖို႔ လိုပ္အပ္တယ္လို႔   ျမန္မာႏိုင္ငံစက္မႈ လက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဦးသက္ႏွင္းေအာင္က ေျပာပါတယ္။

ဦးသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS)

အလုပ္သမားတရားရံုးေတြ အျမန္ဆံုးေပၚေပါက္လာရင္ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားက ဆက္ဆံေရး ေကာင္းမြန္ေစတဲ့ ဆံုးျဖတ္ခ်က္ေတြ ထြက္ေပၚလာမွာျဖစ္တယ္လို႔လည္းေျပာပါတယ္။

ဒါ့အျပင္ အလုပ္သမားတရားရံုးနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာဥပေဒေတြကို ေရးဆြဲက်င့္သံုးမယ့္ ပံုစံကို သြားရမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္ရွင္။

ဦးသက္ႏွင္းေအာင္(အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS)

အလုပ္သမားတရားရံုးေတြ ေပၚေပါက္လာပါက အလုပ္သမားေရးရာအမႈေတြကို လိုက္ပါေဆာင္ရြက္ေပးမယ့္ ေရွ႕ေနေတြ၊ တရားသူႀကီးေတြအေနနဲ႔  အလုပ္သမားဥပေဒကို ကၽြမ္းက်င္ႏွံစပ္ေနဖို႔အျပင္ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားက ဆက္ဆံေရးကိုပါ နားလည္ဖို႔ လိုအပ္တယ္လို႔ ဦးသက္ႏွင္းေအာင္က ေျပာပါတယ္ရွင္။

အလုပ်ဖြုတ်တဲ့ အမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ အလုပ်သမားသမဂ္ဂဖွဲ့စည်းလို့ ဖြစ်


အလုပ်သမားတရားရုံး မရှိတာကြောင့် အလုပ်ရှင်ဘက်က အလုပ်ဖြုတ်တဲ့ အမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ အလုပ်သမားသမဂ္ဂဖွဲ့စည်းလို့ အလုပ်ဖြုတ်ခံရတဲ့အမှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေး ကပေးပို့ထားပါတယ်။


အလုပ်သမားသမဂ္ဂဖွဲ့စည်းမှုကြောင့် ၂၀၁၅ ခုနှစ်မှာ အလုပ်ဖြုတ်ခံရတဲ့အမှု ၇၅ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်သူတွေ ကပြောပါတယ်။


ဒါ့အပြင် အလုပ်သမားသမဂ္ဂဖွဲ့စည်းမှုကြောင့် အလုပ်ဖြုတ်ခံရတဲ့အမှုတွေကို အရပ်ဖက်တရားရုံးကို လွှဲအပ်တာခံနေရတာကြောင့် အလုပ်သမားတရားရုံးတွေ အမြန်ဆုံးပေါ်ပေါက်ဖို့ လိုပ်အပ်တယ်လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။


ဦးသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)


အလုပ်သမားတရားရုံးတွေ အမြန်ဆုံးပေါ်ပေါက်လာရင် အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေး ကောင်းမွန်စေတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမှာဖြစ်တယ်လို့လည်းပြောပါတယ်။


ဒါ့အပြင် အလုပ်သမားတရားရုံးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေတွေကို ရေးဆွဲကျင့်သုံးမယ့် ပုံစံကို သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်ရှင်။


ဦးသက်နှင်းအောင်(အထွေထွေအတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS)


အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်လာပါက အလုပ်သမားရေးရာအမှုတွေကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ၊ တရားသူကြီးတွေအနေနဲ့ အလုပ်သမားဥပဒေကို ကျွမ်းကျင်နှံစပ်နေဖို့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးကိုပါ နားလည်ဖို့ လိုအပ်တယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်ရှင်။


?bph6