လူငယ်မူဝါဒအကောင်အထည်ဖော်ဖို့ အစိုးရရဲ့ ဘတ်ဂျက်စာရင်းထဲ ထည့်သွင်းဖို့ဆွေးနွေးနေ

0
119









<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မူဝါဒ မဟာဗျူဟာလုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့အတွက် အစိုးရရဲ့ ဘတ်ဂျက်စာရင်းထဲ ထည့်သွင်းနိုင်ဖို့ ဆွေးနွေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။

လူငယ်မူဝါဒ မဟာဗျူဟာလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်မှာ လူငယ်ဆိုင်ရာခေါင်းစဉ်အနေနဲ့ ငွေကြေးစာရင်တွေ ထည့်သွင်းနိုင်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ကပြောပါတယ်။

Sound Bite – ထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

ဒါ့အပြင် သက်ဆိုင်ရာတိုင်းဒေသကြီးတွေရဲ့ လူငယ်ကော်မတီတွေအတွက် တချို့နေရာတွေမှာ လူငယ်စင်တာတွေ ရရှိနေပေမယ့် တချို့နေရာတွေမှာ ရုံးခန်းတွေသာရရှိနေသေးတာကြောင့် လူငယ်စင်တာတွေရရှိဖို့အတွက်ကိုလည်း သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။

Sound Bite – ထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

လူငယ်မှုဝါဒကို ၂၀၁၈ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ – ၂၀၂၁ ဘတ်ဂျက်နှစ်မှာ လူငယ်တွေအခွင့်အလမ်းပိုမိုရရှိလာဖို့နဲ့ လူငယ်မူဝါဒလုပ်ငန်းစဉ်တွေ တိုးတက်လာဖို့အတွက် အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုတွေ ပိုမိုလိုအပ်တယ်လို့လည်း ပြောပါတယ်ခင်ဗျာ။


?bph6