
0
113




တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ တောင်းဆို


တပ်မတော်က တရားစွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၃၅ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။


လက်ရှိ တပ်မတော်က တရားစွဲဆိုထားတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ အပါအဝင် ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုပါ စွဲဆိုထားတဲ့ အမှုတွေ ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့တာပါ။


ဒီမိုကရေစီ အသွင်ကူးပြောင်းကာလမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဟာ အခြေခံကျတဲ့အချက်ဖြစ်ပြီး ပြည်သူတွေရဲ့ အကြံပြုချက်တွေနဲ့ ဝေဖန်မှုတွေကို တားဆီးပိတ်ပင်မှုတွေဟာ အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


?bph6