လူငယ္ေတြ လူမႈကြန္ရက္စာမ်က္ႏွာကေန ဗဟုသုတရဖြယ္ စာေပေတြ ရွာေဖြဖတ္႐ႈဖို႔ လိုအပ္

0
116

လူငယ္ေတြ လူမႈကြန္ရက္စာမ်က္ႏွာကေန မွတ္သားဖြယ္ ဗဟုသုတရဖြယ္ စာေပေတြ ရွာေဖြ ဖတ္႐ႈဖို႔လိုအပ္တယ္လို႔ ျမန္မာႏိုင္ငံစာေရးဆရာအသင္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ဒီကေန႔ လူငယ္ေတြဟာ အင္တာနက္ကေနတစ္ဆင့္ ဆိုရွယ္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ စာေပဖတ္႐ႈ႕မႈ ေတြ မ်ားျပားလာေနတာပါ။

အ့ဲဒီလူမႈကြန္ရက္စာမ်က္ႏွာကေန ေသးတိမ္ၿပီး တန္ဖိုးမရွိတ့ဲ စကားလုံးေတြအစား မွတ္သားဖြယ္ ဗဟုသုတရဖြယ္စာေတြကို ရွာေဖြဖတ္႐ူဖို႔ လိုအပ္တယ္လို႔ ျမန္မာႏိုင္ငံစာေရးဆရာအသင္းရဲ႕ ဒုတိယဥကၠ႒ ျမင္းမူေမာင္ႏိုင္မိုးက ေျပာပါတယ္။

ေမလ ၁၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Gandamar Wholesale (Grand Balloom)ခန္းမမွာ စိမ္းလန္းေရႊျပည္စာေပၿပိဳင္ပြဲက်င္းပျပဳလုပ္ခ့ဲတာပါ။

Soundbite- ျမင္းမူေမာင္ႏိုင္မိုး ( ဒုတိယဥကၠ႒)

ျမန္မာႏိုင္ငံစာေရးဆရာအသင္း

ဒါ့အျပင္ လူငယ္ေတြ အင္တာနက္ေပၚကေန ရွာေဖြဖတ္႐ႈ႕ႏိုင္တဲ့ ပုံႏွိပ္စာအုပ္ေတြအျပင္ အင္တာနက္ေပၚမွာမရွိေသးတဲ့ လူငယ္စာေပေတြ၊ ဗဟုသုတ စာေပ စတ့ဲ လူငယ္ေတြအတြက္ အက်ိဳးရွိမယ့္ ပုံႏွိပ္စာအုပ္ေတြကိုလည္ ရွာေဖြ ဖတ္႐ႈ႕ေလ့လာသင့္တယ္လို႔ တိုက္တြန္းထားပါတယ္။

Soundbite- ျမင္းမူေမာင္ႏိုင္မိုး ( ဒုတိယဥကၠ႒)

ျမန္မာႏိုင္ငံစာေရးဆရာအသင္း

ကမ႓ာ့ႏိုင္ငံ အသီးသီးမွာ နည္းပညာေတြ ေခတ္မီဖြံ႕ ၿဖိဳးတိုးတက္လာတာနဲ႔အမွ် လူငယ္အမ်ားစုဟာ ယဥ္ေက်းတ့ဲ အေလ့အက်င့္ေတြကို ေလ့လာလိုက္စားတာထက္ အင္တာနက္၊ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေတြနဲ႔ အားလပ္ခ်ိန္ေတြကို ကုန္ဆုံးေနတယ္လို႔လည္း ေဝဖန္ေျပာဆိုေနၾကပါတယ္ခင္ဗ်ာ။

လူငယ်တွေ လူမှုကွန်ရက်စာမျက်နှာကနေ ဗဟုသုတရဖွယ် စာပေတွေ ရှာဖွေဖတ်ရှုဖို့ လိုအပ်


လူငယ်တွေ လူမှုကွန်ရက်စာမျက်နှာကနေ မှတ်သားဖွယ် ဗဟုသုတရဖွယ် စာပေတွေ ရှာဖွေ ဖတ်ရှုဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံစာရေးဆရာအသင်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။
ဒီကနေ့ လူငယ်တွေဟာ အင်တာနက်ကနေတစ်ဆင့် ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာပေဖတ်ရှု့မှု တွေ များပြားလာနေတာပါ။


အဲ့ဒီလူမှုကွန်ရက်စာမျက်နှာကနေ သေးတိမ်ပြီး တန်ဖိုးမရှိတဲ့ စကားလုံးတွေအစား မှတ်သားဖွယ် ဗဟုသုတရဖွယ်စာတွေကို ရှာဖွေဖတ်ရူဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးက ပြောပါတယ်။


မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Gandamar Wholesale (Grand Balloom)ခန်းမမှာ စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲကျင်းပပြုလုပ်ခဲ့တာပါ။
Soundbite- မြင်းမူမောင်နိုင်မိုး ( ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစာရေးဆရာအသင်း
ဒါ့အပြင် လူငယ်တွေ အင်တာနက်ပေါ်ကနေ ရှာဖွေဖတ်ရှု့နိုင်တဲ့ ပုံနှိပ်စာအုပ်တွေအပြင် အင်တာနက်ပေါ်မှာမရှိသေးတဲ့ လူငယ်စာပေတွေ၊ ဗဟုသုတ စာပေ စတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် ပုံနှိပ်စာအုပ်တွေကိုလည် ရှာဖွေ ဖတ်ရှု့လေ့လာသင့်တယ်လို့ တိုက်တွန်းထားပါတယ်။


Soundbite- မြင်းမူမောင်နိုင်မိုး ( ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစာရေးဆရာအသင်း


ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နည်းပညာတွေ ခေတ်မီဖွံ့ ဖြိုးတိုးတက်လာတာနဲ့အမျှ လူငယ်အများစုဟာ ယဉ်ကျေးတဲ့ အလေ့အကျင့်တွေကို လေ့လာလိုက်စားတာထက် အင်တာနက်၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေနဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးနေတယ်လို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်ခင်ဗျာ။


?bph6