
0
190




ဒါရိုက်တာ ဏကြီးတို့ စုံတွဲ ဆုငွေတွေ နာမကျန်းဖြစ်တဲ့ အနုပညာရှင်တွေကို လှူဒါန်း


ဒါရိုက်​တာ ဏကြီးနဲ့ ဇနီး ပိုင်​ဖြိုးသုတို့ဟာ ပြည်​သူ့အကယ်​ဒမီက ရရှိတဲ့ ဆု​ငွေ​တွေကို နာမကျန်​းဖြစ်​​​နေတဲ့ အနုပညာရှင်​တွေဆီ သွား​ရောက်​လှူဒါန်​းခဲ့ပါတယ်။


လက်ရှိ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဦးမန်းဝင်း၊ ဦးပေါ်လေး၊ ဦးဝင်းနိုင် (အနုပညာ)၊ ဦးဧရာ၊ ကစ်ကစ်နဲ့ နွယ်နီတို့ကို သွားရောက်လှူဒါန်းခဲ့တာပါ။


ပြည်သူ့အကယ်ဒမီဆုဟာ ပြည်သူတွေက တိုက်ရိုက်ပေးတဲ့ဆုဖြစ်ပြီး အခု ၂၀၁၉ ခုနှစ်မှာ စတင် ပေါ်ပေါက်လာတဲ့ ဆုလည်းဖြစ်ပါတယ်။ ဒီဆုကို ဒါရိုက်​တာ ဏကြီး၊ မင်းသား ဇဏ်ခီ၊ မင်းသမီး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ခရစ်စ္စတီနား ခီတို့ ရရှိခဲ့ပါတယ်။


?bph6