အေျခခံဥပေဒ ပုဒ္မ ၂၆၁ ကုိ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ၄၅ ဦး ေကာ္မတီေအာက္မွာ ထားဖုိ႔ လႊတ္ေတာ္အတည္ျပဳ

0
151

ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ကေန  ျပင္ဆင္ခ်က္ တင္သြင္းထားတဲ့ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ ပုဒ္မ ၂၆၁ ကုိ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ၄၅ ဦး ေကာ္မတီေအာက္မွာ ျပင္ဆင္ဖုိ႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။

ေမလ ၁၄ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကုိ  ဖြဲ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီမွာ တစ္ပါတည္း ထည့္သြင္းေဆြးေႏြးဖို႔ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ခ်က္ကုိ လုပ္ငန္းစဥ္ႏွစ္ရပ္ အၿပိဳင္တင္သြင္းလာတာေၾကာင့္ သီးျခားေဆာင္ရြက္ဖုိ႔ နည္းဥပေဒမွာ ေဆာင္ရြက္ထားျခင္း မရွိတ့ဲအတြက္ ျပည္ထာင္စု လႊတ္ေတာ္ရဲ႕ အဆံုးအျဖတ္ကုိ ခံယူရတာျဖစ္တယ္လို႔ လႊတ္ေတာ္အၿပီး မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကုိ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ေျဖၾကားခဲ့ပါတယ္။

အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ၄၅ ဦး ကော်မတီအောက်မှာ ထားဖို့ လွှတ်တော်အတည်ပြု


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကနေ ပြင်ဆင်ချက် တင်သွင်းထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ၄၅ ဦး ကော်မတီအောက်မှာ ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။


မေလ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ တစ်ပါတည်း ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။


၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်ကို လုပ်ငန်းစဉ်နှစ်ရပ် အပြိုင်တင်သွင်းလာတာကြောင့် သီးခြားဆောင်ရွက်ဖို့ နည်းဥပဒေမှာ ဆောင်ရွက်ထားခြင်း မရှိတဲ့အတွက် ပြည်ထာင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရတာဖြစ်တယ်လို့ လွှတ်တော်အပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဖြေကြားခဲ့ပါတယ်။


?bph6