
0
80




အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက်ကို နှစ်နှစ်ကာလ သတ်မှတ်ပြီး ဆောင်ရွက်မယ်


အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက်အရ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ လုပ်ငန်း စီမံချက်တစ်ခုကို နှစ်နှစ်ကာလ သတ်မှတ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရေးဆွဲပြီး ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။


မေလ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မဟာဗျူဟာစီမံချက် ရေးဆွဲပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


?bph6