
0
151




မှတ်ပုံတင်ခွင့်ပြုပြီး ၁၉ ရက်အတွင်း ပါတီဝင် သောင်းချီ ရနေပြီလို့ သူရ ဦးရွှေမန်းပြော


ပါတီ မှတ်ပုံတင်ခွင့်ပြုပြီး ၁၉ ရက်အတွင်း ပါတီထဲ ဝင်ရောက်လာတဲ့ ပါတီဝင်သစ်တွေ သောင်းနဲ့ချီပြီး ရှိနေပြီလို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။


လက်ရှိမှာ ပါတီထဲကို ဝင်ရောက်ဖို့အတွက် အဆိုပြုလွှာတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိနေတဲ့အပြင် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဟာ ခေတဲ့ပါတီ မဟုတ်ဘူးလို့ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။


ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဟာ တရားဝင် ပါတီမှတ်ပုံတင် ခွင့်ပြုချက် ကျခဲ့တာကြောင့် မေလ ၁၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၂၂) ရပ်ကွက်မှာရှိတဲ့ အမေ့အိမ် ဟိုတယ်မှာ ပါတီမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


?bph6