
0
257




အသက်ပြည့်ပြီး သူငယ်တန်း မတက်ရတဲ့ ကလေးတွေကို အသက် ၆ နှစ်မှာ ပထမတန်း ပေးတက်မယ်


အသက် ၅ နှစ်ပြည့်ချိန်မှာ သူငယ်တန်း မတက်ရတဲ့ ကလေးငယ်တွေကို အသက် ၆ နှစ် ပြည့်ပြီးတဲ့အချိန်မှာ ပထမတန်းကို တက်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။


အသက် ၅ နှစ်ပြည့်သူတိုင်း သူငယ်တန်း (KG) အပ်နှံနိုင်ပြီး အသက် ၆ နှစ် ပြည့်ပြီးတဲ့သူတိုင်း ပထမတန်း (Grade-1) ကို ကျောင်းအပ်နိုင်မှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ အသိပေးချက်ထဲမှာ ဖော်ပြထားတာပါ။


၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၅ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး မေလ ၂၅ ရက်က စတင်ကာ ကျောင်းတိုင်းမှာ ကျောင်းအပ်လက်ခံမှာ ဖြစ်ပါတယ်။


?bph6