
0
189




သာကေတမြို့နယ်နဲ့ သန်လျင်မြို့ကို ဆက်သွယ်ပေးမယ့် ပဲခူးမြစ်ကူးတံတား စတင်တည်ဆောက်


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နဲ့ သန်လျင်မြို့ကို ဆက်သွယ်ပေးမယ့် ပဲခူးမြစ်ကူးတံတား (သန်လျင် အမှတ် – ၃) ချဉ်းကပ်လမ်းကို စတင်တည်ဆောက်နေပါတယ်။


ဆောက်လုပ်ရေး ဝန်ကြီးဌာနက စတင်တည်ဆောက်နေတာဖြစ်ပြီး ချဉ်းကပ်လမ်း စတင်တည်ဆောက်ရာမှာ သာကေတအနီး ၁၀၈ တောင် ဘုရားရှေ့ကနေ ရှုခင်းသာမြို့ပတ်လမ်းထိပ် အထိ မူလက လမ်းဟောင်းကို ပိတ်သိမ်းပြီး တံတားလုပ်ငန်းခွင်အဖြစ် သတ်မှတ် တည်ဆောက်နေတာ ဖြစ်ပါတယ်။


ဒါကြောင့် မူလလမ်းရဲ့ လမ်းဘေး ဝဲ၊ ယာ နှစ်ဖက်က အသစ်တိုးချဲ့ တည်ဆောက်ထားတဲ့ ကတ္တရာလမ်းသစ်တွေ အတိုင်း မော်တော်ယာဉ်တွေ မောင်းနှင်အသုံး ပြုသွားကြဖို့လည်း တံတားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


?bph6